Ep9~I want to kiss your forehead and hug you tight~

1.8K 96 5
                                    

~Don't be sad my moon, smile suits you always~

ချေမိုးတိုက်ခန်းကို သူရောက်နေခဲ့တာကြာပြီ။ ဒါပေမယ့်အခန်းရဲ့ဖွဲ့စည်းတည်ဆောက်ပုံကို အခုမှ သေချာကြည့်ကြည့်ဖြစ်သည်။

"မင်းတိုက်ခန်းက တော်တော်လေးကိုကျယ်တာပဲ"

"ဟုတ်လား"

"ပတ်ဝန်းကျင်က တိတ်တိတ်ဆိတ်ဆိတ်ရှိတော့ မဆိုးဘူး"

"အင်း"

ပြီးတော့ အိပ်ခန်းနှစ်ခုရှိပြီး မီးဖိုချောင်လည်းသပ်သပ်ရပ်ရပ်နဲ့ဖြစ်သည်။

"ဂွီ"

အရည်​တွေ​ချည်းဇွတ်တ်​သောက်​နေ​တော့ ရည်မွန်ဗိုက်ကအချက်ပြလာသည်။ သောက်ပဲသောက်နေပြီး ဘာမှမယ်မယ်ရရမစားရသေးတော့ သူဗိုက်ဆာနေပြီ။

"ဗိုက်ဆာနေပြီလား"

သူ့ဗိုက်ကအော်သံကို​ချေမိုးကြားသွားသည်။ သူလည်းတော်တော်တော့ ဗိုက်ဆာနေသည်။ ရေမိုးချိုးပြီးတော့ ပိုလို့တောင်ဆာသည်။ ချေမိုးကိုလှည့်ကြည့်လိုက်တော့ ရေမိုးချိုးပြီး သပ်ရပ်လို့နေသည်။

"အနံ့မွှေးနေတာပဲ"

ချေမိုးသူ့နားက​နေ​ဖြတ်သွားရင် ရည်မွန်ခံစားလိုက်ရတဲ့အနံသင်းသင်းလေးက သူ့နှာခေါင်းကိုဆွဲဆောင်နေပြန်သည်။

"ရေချိုးပြီးတာချင်းတူတာတောင် ငါကျ ဘာလို့မမွှေးကြိုင်နေရတာလဲ"

သူမကျေမနပ်​ဖြစ်​ပြီး တစ်ယောက်တည်းပြောနေသည်။ သုံးတဲ့ဆပ်ပြာတွေလည်းတူတူ၊ ပြီး​တော့ သူဝတ်ထားတာလည်းချေမိုးအကျီဖြစ်နေတာတောင် သူ့ကိုယ်ကဘာအနံ့မှ မွှေးမွှေးကြိုင်ကြိုင် မထွက်နေဘူး။ ရည်မွန်ကိုယ့်အကျီကိုယ်ပြန်ကြည့်ပြီး နှာခေါင်းတရှုံ့ရှုံ့လုပ်နေရင်း အလုပ်ရှုပ်နေသည်။ သူပြောနေတာကို ချေမိုးတော့ ကြားပုံမရဘူး။ မီးဖိုချောင်းထဲက ရေခဲသေတ္တာနဲ့ရှုပ်နေလို့။

"မင်းလေးဗိုက်ဆာတယ်ဆို။ ကိုယ်ခေါက်ဆွဲပြုတ်ပေးမယ်။ စားမလား"

"ရတယ်။ ပိုတောင်ကောင်းသေး"

အခုသူတို့ဗိုက်ဆာတဲ့အချိန်က ညဆယ်နာရီကျော်ကျော်အချိန်​ဖြစ်သည်။ ဒီနေ့ကလည်း အဖေ့ဆီကဖုန်းတစ်ခါမှမလာတော့ ရည်မွန်ကံကောင်းနေသည်။ မွေးနေ့တွေထဲမှာတော့ ဒီတစ်ခါက အမှတ်တရကောင်းဖြစ်လိမ့်မယ်ထင်သည်။ သူ့ရှေ့မှာချက်ပြုတ်ပြင်ဆင်နေတဲ့ ချေမိုးရဲ့ပုံရိပ်ကိုကြည့်ပြီး ရည်မွန်အမေ့ကိုသတိရသွားသည်။ အမေ့တုန်းကဆိုလည်း ဒီလိုပဲချက်ပြုတ်တာကို သူထိုင်စောင့်ခဲ့သည်။ အဲဒါကြောင့် ခုလိုပုံရိပ်က သူ့အတိတ်ကိုသတိရစေသည်။

Rain💛Moon (Completed)Tempat cerita menjadi hidup. Temukan sekarang