Ep10~I don't need girlfriend, I need you~

1.7K 96 5
                                    

~All I want is you, only you. Nobody else, just you. I don't want anyone else, but you~

ရည်မွန်ဗိုက်ပြည့်​​နေလို့ခြံထဲလမ်းလျောက်နေရင်း တစ်စုံတစ်ယောက်ကိုသတိရမိတော့ ဖုန်းလှမ်းခေါ်လိုက်သည်။ ပျော်ဖို့ကောင်းတဲ့အရာကိုဝေမျှရင် အပျော်ကူးစက်တတ်ကြတာမို့ ချေမိုးကိုသူ့အပျော်ကူးစက်စေချင်သည်။

"ဟယ်လို"

"အင်း"

"မင်းဘာလုပ်နေလဲ"

"ဒီတိုင်းပဲ"

"ငါလေ မင်းကိုပျော်စရာတစ်ခုပြောပြမလို့"

ချေမိုးကဘာမှပြန်မပြောပေမယ့် သူ့စကားကိုနားစွင့်နေမယ်ဆိုတာ ရည်မွန်သိသည်။

"ဒီနေ့ ငါအရမ်းပျော်တယ်။ ငါ့မွေးနေ့ကစပြီး ပျော်စရာတွေပဲ ဖြစ်လာသလိုပဲ"

"ဒီနေ့အဖေကဘာပြောလဲ"

ချေမိုးက သူ့အကြောင်းကိုအချိန်တိုတိုလေးအတွင်းမှာ အများကြီးသိနေခဲ့သည်။ သူ့စိတ်ကိုဖတ်လိုက်သလိုပဲမို့ သူအရမ်းသဘောကျသည်။ ဒီနေ့ဖြစ်ပျက်သမျှ အကြောင်းစုံကိုပြောပြလိုက်တော့ ချေမိုးကသူ့စကားကို စိတ်ရှည်ရှည်နဲ့နားထောင်ပေးနေခဲ့သည်။

"မင်းကိုလည်းကျေးဇူးတင်တယ်"

"ဘာလို့လဲ"

"ငါ့အနားမှာရှိနေပေးလို့..။ သူငယ်ချင်းဖြစ်နေပေးလို့..။ အားလုံးအတွက်ပေါ့"

"မင်းအတွက် သူငယ်ချင်းတစ်ယောက်လိုရှိနေပေးလို့ ကျေးဇူးတင်တာလား"

"သူငယ်ချင်းတစ်ယောက်လိုမဟုတ်ဘဲ တစ်ကယ့်သူငယ်ချင်းအဖြစ်ရှိနေခဲ့ပြီလေ။ အဲဒါကြောင့် ကျေးဇူးတင်တယ်လို့"

"ရပါတယ်။ မလိုပါဘူး"

ကိုယ်ကမင်း​လေးအတွက် သူငယ်ချင်းတစ်ယောက်လိုမျိုးမနေချင်ဘူးဆိုရင် မင်းလေးဒီလိုစကားပြောထွက်မှာလား သိချင်သည်။ ဒါပေမယ့် သူငယ်ချင်းတစ်ယောက်လိုရှိနေနိုင်တာကိုပဲ သူကျေးဇူးတင်သည်။ အများကြီးမမျှော်လင့်ပါဘူး။ မင်းလေးဒီအတိုင်းလေးပျော်နေတာကိုမြင်ရင်ကျေနပ်ပြီ။

"မင်းဘာလို့တိတ်သွားတာလဲ"

"ရှိတယ်။ နားထောင်နေတယ်"

Rain💛Moon (Completed)Where stories live. Discover now