(unicode)
ကိုယ့်ကလေး ကိုယ်ထိန်းတဲ့။ ယံဟာ တကယ်ပဲ သခင့်ကလေးလေးလား။ စိတ်ကူးဟာ ချိုမြိန်သလောက် လက်တွေ့ဟာ ခါးသီးလွန်းပါရဲ့။ သခင်ဟာ ယံ့အပေါ် ဘယ်တုန်းကမှ ကလေးတစ်ယောက်လို မဆက်ဆံခဲ့ပါ။ဆန်ရင်းကို နာနာဖွတ်သည်တဲ့။ အဲဒီရှေးဆိုရိုးကို ဘယ်သူကများ တီတွင်လိုက်ပါလိမ့်။ မုန်းဖို့ကောင်းလိုက်တာလေ။
ရိုက်သည့်သခင်တော့မသိ၊ အရိုက်ခံနေရသော ယံ့မှာတော့ နာကျင်မှုဖြင့် မေ့မျောလုမတတ်။ အသိစိတ်ကပ်နိုင်ဖို့ အတော်အားတင်းထားရသည်။ သခင်ဟာ အပြစ်ဒဏ်ကို အဆုံးထိ ခံယူမှကြိုက်တတ်သူ။
ကြားထဲတွင် သတိလစ်သွားပါက ကိစ္စမပြီး။ နိုးလာလျှင် ပေးသည့်အပြစ်ဒဏ်ကို ပျက်ကွက်မှု၊ ထိပ်တန်းသူလျှိုဖြစ်ပြီး ပျော့ညံ့မှုဟူ၍ ပုဒ်မနှစ်ခုထပ်တိုးကာ နှစ်ဆတိုးလို့ အဆော်ခံရ၏။ အတီးခံရရုံနှင့်လည်း မပြီး။ သခင်ကိုယ်တိုင်ကြီးကြပ်မည့် နောက်ဆက်တွဲ လေ့ကျင့်ရေးများမှာ ယံ့အဖို့ လန့်စရာ။
စူးစူးဝါးဝါး အော်မညည်းမိအောင်လည်း နှုတ်ခမ်းကို တင်းတင်းကိုက်ထားရသေး၏။ အသံထွက်ခြင်းနှင့်ပတ်သက်၍ သခင်က အထူးတလည် စည်းကမ်းမသတ်မှတ်ထားသော်လည်း ပျော့ညံ့မှုကို မုန်းတီးသော သခင့်အား နာနာကျင်ကျင် ညည်းတွားသံတွေကို ယံ မကြားစေလိုပါ။
*ဖြောင်း*
အားအင်အပြည့်နှင့် ကြာပွတ်ဒဏ်က ယံ့တစ်ကိုယ်လုံးပေါ် အစုန်အဆန် ပြေးလွှားနေသည်။ ဒါ ဘယ်နှစ်ချက်မြောက်လဲ။ ယံ ရေတာမမှားဘူးဆို ဒါသည် ၃၉ချက်။ ၃၉ချက်မြောက် ကြာပွတ်ဒဏ်။ဒေါသခိုးတွေ မွှန်ထူနေသည့် သခင်က အချက်ရေ လိုက်ရေထားဖို့ အမိန့်မပေးခဲ့သော်လည်း စိတ်ထဲက လိုက်တွက်ထားမိသည်။ တကယ်တော့ ဒါသည် သာမန်လူတွေလိုက်လုပ်ဖို့ မဖြစ်နိုင်သည့် အရာတစ်ခုပင်။ ဒီလောက်နာကျင်နေသည့်ကြားက အချက်ရေလိုက်ရေဖို့နေနေ အပြစ်ပေးခြင်း အဆုံးသတ်သွားဖို့ပဲ ဆုတောင်းနေကြမည် မဟုတ်လား။
သို့ပေမယ့် ယံ၊ Rain ၏ ယံဟာတော့ တစ်မူထူးခြား၏။ ယံဆိုသည့် ကောင်ငယ်လေးဟာ Rain စွန့်ကြဲသမျှ ခံယူဖို့မွေးဖွားလာလေသလား။ သခင့်အပြုံး၊ သခင့်အပျော်၊ သခင့်အလွမ်း၊ သခင့်ဒေါသနှင့် နောက်ဆုံး သခင်ပေးသည့် နာကျင်မှု။ အကယ်၍ သခင်သာ သေခြင်းဆိုသည့်အရာကို လက်ဆင့်ကမ်းခဲ့လျှင်တောင် အပြုံးတစ်ပွင့်နှင့် ကျေကျေနပ်နပ်ကြီး လက်ခံယူမည့် ကောင်လေးတစ်ယောက်ရယ်ပါ။ မိုက်ရူးရဲဆန်သည်ဟု အမည်တပ်၍ရပေမယ့် ယံဆိုသည့် သူ့ဘဝက သခင့်ကြောင့် ရှင်သန်ခဲ့ရသည်လေ။

YOU ARE READING
Blood of MIN
Acción"A Submissive is so often a strong person looking for someone stronger. He is not weak. He just enjoys it." -Anonymous ❗️This story is written in Myanmar❗️