40[U&Z]

4.7K 633 37
                                    

[Unicode]

ကြီးမားတဲ့ တစ်စုံတခုတော့ ဖြစ်ခဲ့လေပြီ!

ဟော်ပေ့ချန်ရဲ့ စည်းကမ်းကို ချိုးဖောက်လိုက်မယ်ဆိုပါက ကိစ္စတွေက ပိုဆိုးလာမယ်ဆိုတာ နင်မုန့်သိ၏။ လင်းချင်ပေ့က နင်မုန့်ကို တခုခုပြောဖို့ လုပ်လိုက်ပေမယ့် နင်မုန့်ကတော့ မထင်မှတ်ထားသည့် အရာကို လုပ်လိုက်လေ၏။ သူ့လုပ်ရက်အတွက် သူမ ပြန်တုံ့ပြန်လိုက်တာက ဒူးခေါင်းကို ကွေးလိုက်ပြီး သူ၏ ပေါင်ခြံတည့်တည့်ကို ကန်လိုက်တာပဲ ဖြစ်၏! မဖော်ပြနိုင်သော နာကျင်မှုကို လင်းချင်ပေ့ ခံစားလိုက်ရသည်။ သူ့မျက်နှာကိုပါ ထပ်ထိုးဖို့လုပ်လိုက်ပေမယ့် သူမရဲ့ လက်သီးနဲ့ မျက်နှာအသား မထိခင်မှာပဲ ရပ်လိုက်လေ၏။

သူ့မျက်နှာကို ထိလိုက်တာကလည်း ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှုပဲ ဖြစ်တာမို့ ချက်ချင်းပဲ အနားမှာ ပစ္စည်းတစ်ခုခု ရှိမရှိ ရှာလိုက်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပဲ နင်ဝမ့်ထောင်က သူ့သားရေ ဖိနပ်ကို ချွတ်ပြီး နင်မုန့်ကို ကမ်းလိုက်လေ၏။

"ဒီမှာ နင်မုန့်! ယူလိုက်!"

"ကျွန်မ အသားကို မထိဖို့ ရှင့်ကို မပြောခဲ့ဘူးလား! ရှင် ကြည့်လို့ပဲရမယ် ထိလို့မရဘူး!" လင်းချင်ပေ့ကို သားရေဖိနပ်ဖြင့် ရိုက်လိုက်ပြီးနောက် နင်မုန့် ပြောလိုက်သည်။

လင်းချင်ပေ့ သူ့ခေါင်းကို ကာထားရင်းပဲ ကြမ်းပြင်သို့ ဒူးခွေကျသွားလေတော့၏။ သားရေဖိနပ်က ပေးတဲ့ နာကျင်မှုကို မခံစားရ။ ပေါင်ခြံကြားက နာကျင်မှုက အရာအားလုံးထက် ပိုလေသည်။ သို့ပေမယ့်လည်း သူ့မျက်နှာမှာ အပြုံးတို့ ရှိနေဆဲ ဖြစ်၏။ နင်မုန့်က သူ့ကို သူမနဲ့ အတူနေအောင် ဖိအားပေး စေခိုင်းတဲ့ နေ့မှစပြီး သူမအသားကိုတော့ မထိရန် ပြောခဲ့ဖူးလေသည်။ ထိုစည်းမျဉ်းကို သူသိပေမယ့်လည်း ရုတ်တရက် မစဉ်းစားမိတာမို့ ဖောက်ဖျက်မိသွားတာ ဖြစ်လေ၏။

အခု သူ့ခေါင်းထဲမှာ ရှိနေသည့် တစ်ခုတည်းသော အရာကား နင်မုန့်ရဲ့ ကိုယ်သင်းရနံ့ နှင့် သူဖက်လိုက်ချိန်မှာ ခံစားလိုက်ရသည့် သူမ ခန္ဓာကိုယ်ရဲ့ နူးညံ့မှုပင် ဖြစ်လေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Donde viven las historias. Descúbrelo ahora