Ep 2(စေညွှန်သူ)

1.8K 190 0
                                    

Unicode

"ခွန်း"

"ပြောလေ"

အမိန့် စာကြည့်နေတဲ့ ခွန်းကိုကြည့်ကာ

"ငါ heatလာပြီးသွားပြီလား"

"အင်းလေ၊ဟိုတစ်ပတ်ကမှပြီးသွားတာလေ
မင်းheatကခြောက်လတစ်ကြိမ်
ဒါမှမဟုတ်လေးလတစ်ကြိမ်ဆိုတော့
ဝေးပါသေးတယ်"

အမိန့် ဖုန်းထဲကကြည့်နေတဲ့ သတင်းတွေကို
ကြည့်ကာ စိတ်ချသွားရသည်။
သူမတော်မဆ heat၀င်မှာကြောက်သည်။

"ဘာလို့တိတ်နေတာလဲ"

"တွေးစရာရှိနေလို့"

"ဘာတွေများတွေးနေရတာလဲ"

"ငါလည်းတွေးစရာရှိပါတယ်ကွ"

"ဟုတ်ပါပြီကွာ"

အမိန့်ရဲ့ လေးနက်နေတဲ့ အတွေးမျက်နှာ
လေးကြောင့် ခွန်းစာတမ်းအတွက်
စာကိုသာပြန်ဖတ်နေလိုက်သည်။

××××××××××××××××

"အမိန့်နေကောင်းသွားပြီလား"

"အင်း.."

အမိန့် စာသင်ခန်းထဲကို ဝင်လာတာနဲ့
နှုတ်ဆက်လာသူတွေကြောင့်
့်ပြန်နှုတ်ဆက်လိုက်သည်။

အရင်အမိန့်နဲ့ သူမတူတာတွေ များလွန်းသည်။ ထိုထဲကတစ်ချက်က သူ့ကိုပြုံးပြသူကို
ဘယ်တော့မှ မမဲ့ပြတတ်သူဖြစ်သည်။

"ချီး..သူငါ့ကိုပြန်နှုတ်ဆက်သွားတယ်
ကွ..တွေ့လား"

သူကိုပြုံးပြကာ နှုတ်ဆက်သွားတဲ့
အမိန့်ကြောင့် ကျန်ခဲ့တဲ့ကျောင်းသားကတော့
နွေလယ်ခေါင် မိုးကြိုးပစ်ချတာ ခံလိုက်ရသလို။

အတန်းထဲကလူတွေလည်းအံ့သြကာ
ကျန်ခဲ့သည်။

"အမိန့်..ငါ့ကိုစောင့်ပါအုန်း"

အနောက်ကနေ ပခုံးကိုဆွဲကာအမောဖြေနေတဲ့
ဲ့ခွန်းကြောင့် အမိန့်ရပ်ကာ စောင့်လိုက်သည်။

အမိန့် ဒီနေ့တော့ အတန်းတက်လိုက်သည်။
အမိန့်ရာက စီမံခန့်ခွဲမူမေဂျာ တက်နေတာ
ဖြစ်သည်။အမိန့် မှတ်ဉာဏ်တွေကြောင့်တော့
သိပ်ပြီးတော့ စိမ်းမနေပါ။

"မင်္ဂလာပါ"

အမိန့် ရုတ်တရက်ကြားလိုက်တဲ့ အသံလေး
ကြောင့် လိုက်ကြည့်မိသည်။
အသံလေး နားထောင်ရတာနဲ့တင်
အေးချမ်းလှသည်။

ငါ့သတို့သားလောင်းကAlphaတဲ့     ငါ့သတို့သားလောင်းကAlphaတဲ့Where stories live. Discover now