ငြိမ်သက်တဲ့ရပ်ကွက်
ခြံဝန်းကျယ်ကြီးထဲမှာ တိုက်ပုလေးတစ်လုံးနဲ့ ခြံနောက်မှာတော့ စတော်ဘယ်ရီခင်းနဲ့ စားပင် တစ်ချို့ စိုက်ထားတယ်
စိုက်ခင်းရဲ့ ခပ်လှမ်းလှမ်းနေရာမှာ နို့စားနွားမ ၃ကောင်ပါ မွေးထားသေးတယ်
"Chanyeol မြေးရေ''
"ဗျာ အဘွား''
"ထမင်းလာစားတော့နော် မြေးကြိုက်တဲ့ မှိုကင်မ်ချီဟင်းရည်လေးလုပ်ထားတယ်''
"လာမယ် ဘွားရေ သား ဒီအပင်ကို ရေပြီးအောင် လောင်းလိုက်အုံးမယ်''
Chanyeol အသက်၁၀နှစ်အရွယ် လောက်မှာ အမေဆုံးသွားခဲ့တယ်
အဖေကတော့ အမေဆုံးပြီးနောက်ပိုင်း ဆိုးလ်မှာ အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားတာ အခုထိ ပြန်မလာခဲ့
လတစ်လရဲ့ နောက်ဆုံးရက်တိုင်းမှာ သူ့ကဒ်လေးထဲမှာ ပိုက်ဆံတစ်ချို့တော့ ရောက်လာခဲ့တယ်
အဖေထွက်သွားပြီးနောက်ပိုင်း Chanyeol ကို အဘွားက စောင့်ရှောက်ပေးခဲ့တယ်
Chanyeol အလယ်တန်းလောက်ရောက်တော့ ရပ်ကွက်ရဲ့ လူကြီးဖြစ်တဲ့ ဦးလေးကြီး ဂွမ်ကသူ့ရဲ့ စိုက်ခင်းထဲ ခေါ်သွားလေ့ရှိတယ်
ကျောင်းပိတ်ရက်တိုင်း ဦးလေးကြီးဂွမ်နဲ့အတူ စိုက်ခင်းအကြောင်း အပင်အကြောင်းလေ့လာရင်း စိုက်ပျိုးမွေးမြူ ရတာကို ဝါသနာ ပါလာတယ်
ဘူချွန်းမြို့က အေးအေးလေးနဲ့ သင့်တော်တဲ့ ရာသီဥတု ရှိတာမို့ ခြံနောက်မှာ စတော်ဘယ်ရီခင်း၊ မုန်လာဥနဲ့ ဆလပ်ရွက်ပင်ပါ စိုက်ထားသေးတယ်
လတိုင်းရဲ့နောက်ဆုံးရက်မှာ ရောက်လာတဲ့ ပိုက်ဆံ အများစုကို အဖွားဆေးဖိုး အဖြစ် ချန်းယောလ် စုဖြစ်တယ်
ဦးလေးဂွမ်ရဲ့ စိုက်ခင်းမှာ လိုက်ကူပေးလို့ မုန့်ဖိုးရတဲ့ ငွေအချို့ရယ် မနက်ခင်းတိုင်း သတင်းစာလိုက်ပို့လို့ရတဲ့ ငွေအချို့ရယ် ပေါင်းပြီး နို့စားနွားမ ၃ကောင် ဝယ်ဖြစ်တဲ့အထိ ချန်းယောလ် ဟာစုဆောင်းတတ်လာတယ်
ဦးလေးဂွမ်ရဲ့ ကောင်းမှုကြောင့် Chan yeol မနက်ခင်းတိုင်း နွားနို့ မှာတဲ့သူတွေဆီ ပို့ပေးရတယ် စိုက်ခင်းထိ ဆလပ်ရွက် မုန်လာဥ စတော်ဘယ်ရီ လာဝယ်တဲ့သူတွေ ရှိလာတယ်

YOU ARE READING
Still In Love(One Short)
Fanfictionအခုချိန်ကစပြီး ငါကမင်းကိုချစ်ပေးတော့မှာ ကာကွယ်ပေးတော့မှာ ဖေးမပေးတော့မှာ ကျေးဇူးတင်ပါတယ် ကိုယ့်ကို စောင့်နေပေးတဲ့အတွက်