Part VIII

910 62 0
                                    

မွေးနေ့ပွဲကပြန်လာချိန်က အရမ်းမိုးချုပ်နေပီမို့ ခြေလက်ဆေးပီးသာ အိပ်ရာဝင်ဖို့ ပြင်ဆင်နေကြသည်....

" မောင်အရင်ဝင်လိုက်လေ...သဲပေါက်ညဝတ်တွေထုတ်ထားပေးနှင့်မယ်...."

" မျက်နှာသစ်သွားတိုက်တာပဲ တူတူသစ်မယ်....လိုက်ခဲ့...."

ကုတင်ပေါ်ထိုင်နေရာက ရုတ်တရက်မြောက်တက်သွားတာကြောင့် လန့်သွားမိတာ အမှန်....သေချာပြန်ကြည့်လိုက်မှ ကိုယ့်ရဲ့ကိုယ်သေးသေးလေးက သူ့လက်တစ်ပွေ့စာလေးထဲမှာ အံဝင်ဂွင်ကျ.....ထို့နောက် ဘေစင်ခုံပေါ်အသာလေးချပေးလိုက်ပီး သွားတိုက်တံနှစ်ခုထဲ သွားတိုက်ဆေးညစ်ပီး ဘေစင်ဘေးချထားတော့ ကြောင်သွားရပြန်သည်....

" သဲပေါက်လေး....အာ...."

" အင် ဘာလဲ...."

" သွားတိုက်ပေးမလို့လေ....အာ...."

Jimin ပါးစပ်ဟပေးလိုက်တော့ သေချာတိုက်ပေးနေရှာသည်.....မျက်နှာနှစ်ခုရဲ့နီးစပ်မှုကြောင့်ရော ချိုလွန်းသော အပြုအမူကြောင့်ရော နှလုံးသွေးများရပ်မတတ်.....အသေးစိတ်သေသေချာချာတိုက်ပေးပီး ပလုတ်ကျင်းရန် ရေခွက်ကမ်းပေးတော့ လူကလက်တွေတုန်နေပီ...ဒါကို မောင်ကသိနေသည့်အလား သူကိုယ်တိုင်ရေခွက်လေးကို နှုတ်ခမ်းနားကပ်ပေးတော့ ရှက်သွေးဖြာရပြန်သည်....

ထို့နောက် မျက်နှာလေးကို နူးနူးညံ့ညံ့လေး သစ်ချပေးနေတာ ကလေးတစ်ယောက် ပြုစုနေသည့်အလား....ချစ်ရသူမောင်က တစ်ခဏလေးအတွင်း နည်းအမျိုးမျိုးနဲ့ ပြုစားနိုင်လွန်းသည်.....ပျော်လိုက်ရတဲ့အပျော်ဆိုတာလဲ ထိုင်ထားတဲ့ဘေစင်ကပင် ဖင်ကြွလာသလိုလို....ဘေစင်ကြီးပဲ မြောက်တက်လာသလိုလို ဆရာကျလွန်းလှသည်.....

" မောင့်အလှည့်ပီးတော့ သဲပေါက်လေးက မောင်လုပ်ပေးသလို ပြန်လုပ်ပေး...."

" ပေး....မျက်စိမှိတ်ထား...."

" မောင်မျက်စိမှိတ်ထားတဲ့အချိန် မောင့်ကိုခိုးနမ်းရင် ဘယ်လိုလုပ်မလဲ....."

" နမ်းစရာလား....လူကိုများ နှာဘူးမှတ်နေလား...."

" ပြောမရဘူးလေ....မောင်က 24/ 7 လန်းနေတာဆိုတော့ ပစ်မှားချင်မလားလို့.....ကိုယ့်ဖက်ကို ယက်ကြည့်တာ "

ဒို့နှစ်ယောက်ရဲ့အိမ်ကလေးWhere stories live. Discover now