~I still remember the day when I was saw you. It was just a simple moment for others but special for me~
ခရီးစဥ်လိုက်တဲ့သူတွေအကုန်လုံးအတွက် တာဝန်အစစအရာရာကို ဆရာမတွေက စီနီယာအစ်ကိုအစ်မတွေကို အပ်ခဲ့သည်။
"သားတို့သမီးတို့.... စာသင်နှစ်အလိုက် ကားတွေခွဲထားတယ်။ လူတွေကများတော့ ရောသွားမှာစိုးလို့...။ ဟုတ်ပြီနော်။ နောက်ဆုံးနှစ်ကစီနီယာတွေပါတော့ သူတို့ပြောတဲ့အတိုင်း လိုက်နာကြ။ ဟုတ်ပြီလား... "
"ဟုတ်"
"ကြားတဲ့အတိုင်းပဲ။ ပထမနှစ်ကတစ်ကား ၊ ဒုတိယနှစ်ကတစ်ကား ၊ ပြီးတော့ တတိယနှစ် နောက်ဆုံးနှစ်ဆိုပြီး တစ်ကားစီခွဲထားပြီးသားမို့ ကားပေါ်တက်ကြမယ်။ ကားပေါ်ရောက်ရင် လူထပ်ရေမယ်။ ကိုယ့်ပစ္စည်းကိုယ်ပြန်စစ်ပြီး တစ်ခုခုဆို အစ်ကိုတို့ကိုအကြောင်းပို့။ အားမနာနဲ့...။ အစ်ကိုတို့မှာတာဝန်ရှိတယ်။ ဟုတ်ပြီနော်"
"စီနီယာဒုတိယနှစ်က လူနည်းနည်းများတယ်အစ်ကို"
"မဆန့်ဘူးဆိုရင် ပထမနှစ်ကားနဲ့ပေါင်းလိုက်။ ပထမနှစ်ကလူနည်းတယ်။ အခုမှအသစ်တွေဆိုတော့ သိပ်မလိုက်ကြဘူး။ ခုံတွေအားနေလောက်တယ်။ ကိုယ့်ဘာသာကိုယ်ခွဲပြီးတော့သာ ဆက်လုပ်ကြတော့"
"ဟုတ်"
သူတို့ဒုတိယနှစ်က လိုက်တဲ့သူတော်တော်များသည်။ မနှစ်က အဲ့လောက်တောင်မရှိဘူးလို့ကြားထားတာပေမယ့် ဒီနှစ်တော့ အကုန်လုံးနီးပါးပဲ။
"ရည်မွန်... မင်းတို့အဖွဲ့က ခြောက်ယောက်မလား"
"ဟုတ်တယ်"
"လူမဆန့်တော့ဘူးကွာ။ မင်းတို့က ပထမနှစ်ကားနဲ့ပဲ လိုက်လိုက်တော့။ အိုကေလား"
"ရတယ်။ အဆင်ပြေတယ်"
"အေး။ ကျေးဇူးပဲ"
ပထမနှစ်ကားပေါ်လည်းတက်သွားတော့ ကလေးတွေက သူ့တို့အဖွဲ့ကို ဝိုင်းကြည့်လာကြသည်။
"အစ်ကိုတို့က ဒုတိယနှစ်။ အခုဒုတိယနှစ်ကားကလူမဆန့်တော့လို့ ဒီကိုရောက်လာတာ"
"ကျွန်တော်တို့ကားက လူနည်းနေတာနဲ့အတော်ပဲ။ နောက်မှာနေရာတွေ အများကြီးအားတယ်။ အစ်ကိုတို့ကြိုက်သလို ဝင်ထိုင်လို့ရတယ်"
YOU ARE READING
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...