Unicode

3.3K 203 16
                                    

ကျွန်တော်ဆိုးလ်တက္ကသိုလ်မှာ တက်တာ အခုဆို နောက်ဆုံးနှစ်ရောက်ခဲ့ပြီ။
တက္ကသိုလ်ကြီးကို မတက်ချင်တက်ချင်နဲ့ တက်ခဲ့ရသော်လည်း ခွဲရမည်ဆိုတော့အနည်းငယ် ဝမ်းနည်းသလိုခံစားရသည်။ တစ်လျှောက်လုံးပေါင်းလာခဲ့သည့် သူငယ်ချင်း ၅ယောက် j-hope. Jimin. Jin. Namjoon.နဲ့ Suga. သူတို့မှာ ကိုယ်ပိုင်အိမ်မက်တွေနဲ့ ထောက်ပံ့ပေးမည့်မိသားစုကိုယ်စီရှိကြသည်။ ကျွန်တော်ကဖေဖေမေမေဆုံးပြီးကတည်းက ဝမ်းကွဲအကို နဲ့နေဖြစ်သည်။ အကိုလဲ တကိုယ်တည်းသမား... အထက်တန်းပြကျောင်းဆရာမို့ ဆိုးလ်uniရောက်သည်အထိ လမ်းပြခဲ့သူ ကျွန်တော့်ဆရာဆိုရင်လည်းမမှား။

ကျွန်တော်တို့အဖွဲ့ကကျောင်းမှာ စာတော်သည့်အဖွဲ့မို့နမည်ကြီးသည်။ ရုပ်တွေကလဲချော ဒေါင်တွေကလဲကောင်းတော့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီ၆ပွင့်။ F4ဇာတ်လမ်းက ကျွန်တော်တို့ တက္ကသိုလ်တက်မှ F6 glory ဆိုပြီး နမည်ပြန်ကြီးလာတော့သည်။ ကျွန်တော်တို့လာလျှင် သည်းသည်းလှုပ်အော်ဟစ်ကျသည့်ကောင်မလေးများကြောင့်ကျွန်တော်တို့အဖွဲ့ကို သူဋ္ဌေးသား တစ်ဖွဲ့က ကြည့်မရပေ။

"ဟေ့ရောင်တွေ အိမ်ပြန်ရင် သူကြီးသားအဖွဲ့က ချိန်းထားတယ် သတ္တိရှိရင် ခေါင်မိုးထပ်ကိုလာကြတဲ့ မလာရင် စကပ်ဝတ်ခိုင်းမယ်တဲ့"

Jinစကားကို အားလုံးက အဖတ်မလုပ်ကြ။

"ဟေ့...ပြောနေတာလေး အဖက်လုပ်ပါဦးဟ"

စာကြည့်တိုက်ထဲမှာ စာကုန်းလုပ်နေကြသည့် ကျွန်တော်တို့၆ယောက်ကို ဘေးဝိုင်းက ဂျူနီယာများငဲ့ကြည့်လာသည်။

"စကပ်ဝတ်ဆိုလဲ ဝတ်ကြတာပေါ့ကွာ နှစ်ဝက်စာမေးပွဲကပ်နေပါပြီဆို တောသားတွေကတမှောက်"

Jimin စကားကို တော့ အားလုံးက ထောက်ခံကြသလို ခေါင်းငြိမ့်ကြသည်။ ကျွန်တော်မှလွဲ၍...

"ကဲပါစာပဲ ဆက်ကျက် ကျန်တာငါ့တာဝန်ထား..."

ကျွန်တော့်စကားကြားတော့အကုန်လုံးက မျက်လုံးပြူးကြည့်လာသည်။

"မင်းကဘာလုပ်မလို့လဲ"

Sugaအမေးကို လျစ်လျှူရှုလိုက်သည်။

My Life is My Baby Boo (𝑂𝑛𝑒 𝑆ℎ𝑜𝑡)Where stories live. Discover now