" ငါတို့ လမ်းခွဲရအောင် Yeol. "
တိတ်ဆိတ်နေသော ကော်ဖီဆိုင်ရဲ့ ထောင့်ဆုံးနေရာက မတိုးမကျယ်ပေမယ့် ကောင်းကောင်းကြားနိုင်လောက်အောင် ပြတ်သားစွာ ထွက်ပေါ်လာတဲ့ Baekhyun ရဲ့ စကားသံ။
' တွေ့နေကျနေရာကိုလာခဲ့ပါပြောစရာရှိလို့ ' ဆိုတဲ့ message လေးတစ်စောင်ကြောင့် တစ်ပတ်တာ ပျောက်ကွယ်သွားတဲ့ ကိုယ့်ချစ်သူလေးကိုပြန်တွေ့ဖို့ ကော်ဖီဆိုင်ကို အပြေးတစ်ပိုင်းလာခဲ့ရသည် မလား။ ရောက်ရောက်ချင်း ရုပ်တည်ကြီးနဲ့ ကိုယ့်ကိုဖြင့်တစ်ချက်မှမကြည့်ဘဲ အပြင်ကို မှန်တံခါးကနေတစ်ဆင့်ငေးကြည့်နေတာ စကားတစ်ခွန်းမှဖြင့် မ ဟ လာ သည်မှာ အချိန်တော်တော်ကြာသွားသည်ဆိုတာက အငွေ့ သေနေတဲ့ Americano နှစ်ခွက်က သက်သေပင်။
သူဖွင့်ဟလာမယ့် စကားလုံးတစ်ချို့ကို လေးနက်စွာနားထောင်ရန် သူ့မျက်နှာအား အရိပ်ခြေမပျတ် လိုက်ကြည့်နေသည့် ကိုယ့်ကိုမှ ပထမဆုံးပြောလိုက်တာက ' လမ်းခွဲကြရအောင်' တဲ့လား။
" Baek ဘာပြောလိုက်တယ် "
" မကြားဘူးလား..! လမ်းခွဲကြရအောင်~လို့"
စိတ်သိပ်မရှည်ဟန် အစမှာ အသံမာမာထွက်လာပေမယ့် မှန်တံခါးဆီမှ မျက်၀န်းတို့က ကိုယ့်ကိုကြည့်လိုက်တဲ့အခါ အဆုံးသတ်နားလေးက တုန်ရီကာ တိမ်၀င်သွားတဲ့ သူ့အသံ။ ထို့နောက် မျက်လုံးချင်းဆုံရာကနေ ချက်ချင်းပြန်လွှဲသွားသည်။
ချက်ချင်းအကြည့်လွှဲသွားတယ်ဆိုပေမယ့် သူ့ရဲ့မျက်၀န်းညိုက အရည်ကြည်တစ်ချို့လဲ့နေတာကို ကိုယ်သေချာစွာမြင်လိုက်ရပါသည်။
" လမ်းခွဲကြရအောင် ဟုတ်လား "
" အင်း "
" ဘာလို့လဲ Baek "
" ဘာလို့ရမှာလဲ..!! ငါမင်းနဲ့ ဆက်မတွဲနိုင်တော့လို့ပေါ့ Chanyeol ရဲ့ ~~ "
" အကြောင်းပြချက်ပေး "
" ဟမ်..!!! "
မျက်လုံးပေါက်ကျဉ်းကျဉ်းလေးက အနည်းငယ်ပြူးကာ ကြည့်လာလေသည်။ ဟုတ်သည်လေ အကြောင်းပြချက်လိုအပ်တယ်မလား။ ရောက်လာကတည်းက ကိုယ့်ကိုတစ်ချက်မှမကြည့်ဘဲ ပြောသွားတဲ့ စကားလုံးတွေက ရင်ကိုအစိမ်းလိုက် ခွဲနေသယောင်။
YOU ARE READING
First Snow ❄️ ( ပထမဆုံးနှင်း ❄️) One Short
Fanfictionမနေ့ကကျတဲ့ ပထမဆုံးနှင်းနဲ့အတူ ( 11:11 ) ChanBaek Day လေးကို First snow လေးနဲ့ အတူ စီးမြောလိုက်ရအောင်~ ❄️✨ Happy ChanBaek Day~!! 🍒🍓✨ (U+Z) ( ဤ fiction သည် စာရေးသူ၏ ကိုယ်ပိုင်စိတ်ကူးရင် သက်သက်သာဖြစ်ပါသည်။ )