𝖣𝗂𝗌𝖼𝗅𝖺𝗂𝗆𝖾𝗋 📌
" 𝖧𝗈𝗆𝖾" ရဲ့ ဇာတ်အိမ်ကို ငယ်ငယ်က ကြည့်ဖူးခဲ့တဲ့ 𝖦𝖾𝗋𝗆𝖺𝗇 စစ်ပွဲအကြောင်းရိုက်ထားတဲ့ 𝗆𝗈𝗏𝗂𝖾 တစ်ခုကနေ 𝗂𝗇𝗌𝗉𝗂𝗋𝖾ယူထားတာပါ။
𝖤𝗇𝗃𝗈𝗒 𝗅𝗎𝗏𝗌 ʚ♡ɞ
___________________________________
𝟣𝟫𝟨𝟥, 𝖩𝗎𝗇𝖾, 𝖢𝗁𝗂𝗇𝖺.
ကျောက်စရစ်ခဲမွမွလေးတွေရှိတဲ့လမ်းပေါ်မှာ ဂျပန်နိုင်ငံထုတ်စက်ဘီးအဟောင်းလေးက တဂျောင်းဂျောင်းမြည်သံနဲ့အတူတူ တရွေ့ရွေ့ပြေးနေတယ်။
စက်ဘီးတာယာပေါက်သွားမှာစိုးတာကြောင့် ချိုင့်တွေ၊ ကျင်းတွေကို တတ်နိုင်သလောက်ကွေ့ပတ်စီးနေပေမယ့် သေးသေးကွေးကွေးခဲလုံးလေးတွေကိုတော့ လွတ်အောင်မရှောင်နိုင်ဘူး။
ခဲလုံးလေးတွေပေါ်တစ်ခါ နင်းမိတိုင်း စက်ဘီးတင်မက လူကပါမြောက်ကနဲ။ လက်တွေကလည်း စက်ဘီးလက်ကိုင်ကိုထိန်းရလွန်းတာကြောင့် ထုံကျဉ်ပြီး သွေးခြေတောင်ဥနေပြီ။
ဒါပေမယ့် ဒီနေ့က အိပ်ရာထတာ နည်းနည်း နောက်ကျသွားတာကြောင့် စက်ဘီးကို အရှိန်တစက်မျှမလျှော့ရဲပဲ
မိုင်ကုန်နင်းနေရတယ်။ သတင်းစာတွေကို အိမ်ပေါက်စေ့ အချိန်မီရောက်အောင်ပို့ရမယ့် တာဝန်က ရှိသေးတယ်လေ။နောက်များကျမိလို့ကတော့ ကုန်စုံဆိုင်အိမ်က အပေါက်ဆိုးဆိုးအဒေါ်ကြီးက မာမားကို တိုင်လိမ့်ဦးမယ်။
အတိုင်ခံရင်မာမားက ရိပေါ့်ကို သတင်းစာပို့ခိုင်းတော့မှာ
မဟုတ်ဘူး။ အဲ့လိုတော့အဖြစ်မခံနိုင်ပါ။ ရိပေါ်က သတင်းစာလိုက်ပို့ရတာကြိုက်တယ်။အမှန်ကတော့... ခြံဝန်းအကျယ်ကြီးနဲ့တိုက်အကြီးကြီးရှိတဲ့ ရှောင်းအိမ်ကို သတင်းစာပို့ရတာကြိုက်တာပါ။ ဘာလို့လဲဆိုတော့ အဲ့ဒီမှာ ရိပေါ်သဘောကျတဲ့ စာကြည့်ခန်းအကြီးကြီးရှိတယ်လေ။
ပညာရေးကို ဦးစားမပေးကြတဲ့ခေတ်အခါမို့ စာအုပ်တစ်အုပ်တောင် အိမ်ပေါက်စေ့တွေ့ဖို့မလွယ်တဲ့အချိန်မှာ ရှောင်းအိမ်က စာကြည့်ခန်းကြီးကတော့ စာအုပ်တွေ
အပြည့်နဲ့။
YOU ARE READING
Home
Fanfiction𝖧𝗈𝗆𝖾 [𝖭] 𝖳𝗁𝖾 𝗉𝗅𝖺𝖼𝖾 𝗐𝗁𝖾𝗋𝖾 𝗒𝗈𝗎𝗋 𝗌𝗉𝗂𝗋𝗂𝗍 & 𝗌𝗈𝗎𝗅 𝗌𝖾𝗍𝗍𝗅𝖾 𝖽𝗈𝗐𝗇 (𝗈𝗋) 𝗅𝗈𝗏𝖾 𝗂𝗌 𝖻𝗈𝗋𝗇. 𝖭𝗈𝗍𝗁𝗂𝗇𝗀 𝗌𝗉𝖾𝖼𝗂𝖺𝗅, 𝗃𝗎𝗌𝗍 𝖺 𝗁𝖾𝖺𝗋𝗍-𝗐𝖺𝗋𝗆𝗂𝗇𝗀 𝗌𝗍𝗈𝗋𝗒 ♡~ 𝖭𝗈𝗍𝖾 : 𝖲𝗈𝗆𝖾 𝖿𝖺𝖼𝗍𝗌 𝗂𝗇 �...