15

617 50 2
                                    

ဂျောင်ကုရေးချိုးပြီးတော့ အဝတ်အစားဝတ်ကာ အခန်းထဲက စားပွဲမှာနေရာယူလိုက်သည်။

ring...ring.... 📲

"Jeon Jung Kookပြောနေပါတယ်"

"ဟုတ် ထယ်ဟွန်းပါ hyung"

"ပြောလေ"

"သောကြာနေ့တုန်းက meeting ကိစ္စလေးပြောမလို့ပါ hyung အဲ့နေ့က လကုန်အစည်းအဝေးကမလုပ်ဖြစ်တော့ ဝန်ထမ်းတွေကမေးနေကြလို့ပါ"

"အဲ့တာကိုပြောမလို့ပဲ ဒီတစ်ခေါက် projectအသစ်တစ်ခုရှိတယ် Park groupနှစ်ခုတည်းမဟုတ်တော့ဘူး ဒီတစ်ခေါက်က ပိုပြီးအရေးကြီးတယ် နောက်ထပ် ပူးပေါင်းမယ့် ကုမ္ပဏီနှစ်ခု ထပ်တိုးလာလိမ့်မယ် တစ်ခုကJung groupတဲ့ ငါတို့နိုင်ငံကပေမယ့် သူလည်းအောင်မြင်တဲ့ ကုမ္ပဏီတစ်ခုပဲ နောက်တစ်ခုက Kim group သူကတော့ LAက တော်တော်အောင်မြင်တဲ့လုပ်ငန်းတစ်ခုပဲ Appaဟိုတလောက ခရီးသွားတုန်းက ဆက်စပ်ရင်း ပူးပေါင်းဖို့ကမ်းလှမ်းလိုက်တာ ကံကောင်းစွာနဲ့ လက်ခံလိုက်တယ်တဲ့ အဲ့တာ မနက်ဖြန်မနက် meetingအကြီးရှိတယ် ငါတို့Jeon groupမှာပဲ လုပ်မှာမလို့ ကြိုတင်ပြင်ဆင်ထားစရာတွေပြင်ဆင်ထားလို့ရအောင် မင်းပြောထားလိုက်"

"nae...hyung လကုန်အစည်းအဝေးကရော..."

"အဲ့တာကို ညနေပိုင်းလုပ်မယ် အခြေအနေပါပြောကြရင်းပေါ့"

"nae...ဒါပဲနော် hyung"

"အေး အေး"

ဂျောင်ကု ထယ်ဟွန်းနဲ့ဖုန်းပြောပြီးတော့ laptop ဖွင့်ပြီး စာရင်းစစ်စရာလေးတွေ စစ်ဖို့ပြင်တော့သည်။

ဒေါက် ဒေါက်!!

"သား... မေမေပါ ထမင်းစားရအောင်လာခေါ်တာ"

"ဟုတ် သားဆင်းလာခဲ့မယ်"

ဖွင့်ထားတဲ့ laptop ကိုပြန်ပိတ်ပြီးတော့ပဲ ထမင်းစားဖို့ ဆင်းလာခဲ့တော့သည်။

"သား..."

"ဗျာ...Appa"

ထမင်းစားနေရင်း appaက စကားစလာသည်။

"ဂျွန်နဲ့က အခြေအနေဘယ်လိုလဲ"

"ဗျာ...ရုတ်တရက်ကြီး"

"မေမေတို့က သိချင်လို့ပါသားရဲ့ ကလေးမလေးက သဘောမကျတာဆိုလည်း အတင်းအကြပ်ကြီးမလုပ်ခိုင်းစေချင်ဘူးလေ တော်ကြာ သူဆိုးတာကြောင့် သားစိတ်ဆင်းရဲနေမဆိုးလို့ပါ"

Ko Ko Jung (ကိိုကိုဂျောင်)  ||Completed||Место, где живут истории. Откройте их для себя