အပိုင်း၁၆(Zaw+Uni)

1.2K 137 21
                                    

💚Zawgyi❤

"Ring Ring Ring"

ဖုန်းသံကြားတော့ ရိပေါ်ဖုန်းသွားကိုင်လိုက်တယ်

သူတောင်ဘာမှမပြောရသေး တဖက်က
ရွှင်ရွှင်လန်းလန်းအသံတခုကထွက်ပေါ်လာတယ်

"Hello geလား ကျနော်ချင်းဟော့"

ရိပေါ်မီးဖိုထဲချက်ပြုတ်နေသည့်
ကိုကို့ ကိုတချက်စောင်းငဲ့ကြည့်လိုက်ပြီး
ခပ်ပြတ်ပြတ်တခွန်းဖြေကာဖုန်းချလိုက်တယ်

"ဖုန်းမှားနေတယ်"

ဖုန်းချပြီး မီးဖိုထဲချက်ပြုတ်နေတဲ့
ကိုကို့ ခါးလေးကိုနောက်ကသိုင်းဖက်လိုက်ကာ
မကျက်သေးတဲ့ဟင်းကိုကလေးလိုကျွေးရန် အတင်းပူဆာနေလေတော့သည်။

တဖက်မှာတော့

geနဲ့တွေ့ ပြီးထဲက ချင်းဟော့တညလုံးအိပ်မရ
သူ့ အိပ်ခန်းပေါ်ကမျက်နှာကျက်ပင်လျှင်
ခပ်အေးအေးgeရဲ့မျက်နှာလေးကထင်ဟပ်နေလေတယ်
နားထဲကြားနေရတဲ့ ပြတင်းပေါက်က
လေတိုးသံကလဲ ဖြေးအေးစွာစကားပြောတက်တဲ့
geရဲ့အသံလေးနဲ့ပင်တူနေသေးတယ်

ပုံမှန်ဆို'geပြန်ရောက်ပြီလား'စာတိုလေး
ပို့ လိုက်ချင်ပင်မဲ့ geမှာသူ့ ကိုပြန်စာပို့ ဖို့ ရာမရှိ။
ဖုန်းဆက်ချင်သော်ငြား ညဘက်ကြီးgeများ
အနှောက်အယှက်များဖြစ်သွားလေမလား??
ဒီအထိုင်ဖုန်းက geတယောက်ထဲသုံးဟန် မဟုတ်လောက်တာကြောင့်
geအသံကြားချင်စိတ်ကိုမနည်းချိုးနှိမ်လိုက်ကာ
'နေပါစေ မနက်မှလူကိုယ်တိုင်သွားတွေ့ လိုက်မယ်'
အမျိုးမျိုးတွေးတောရင်း မနက်ဖြန်geနဲ့တွေ့ ဖို့ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ရင်းမိုးလင်းခါနီးမှ သူအိပ်ပျော်သွားလေသည်။

8:30AM;

အိပ်ရာနိုးတာနဲ့ရေမိုးချိုး
ဘီရိုတခုလုံးထဲက ရှိသမျှအဝတ်တွေအကုန်ထုတ် သူနဲ့လိုက်မလိုက်ကပ်ကြည့်လိုက်ရွေးလိုက်ပြန်ချလိုက်နဲ့ အချိန်၂နာရီလောက်ကုန်သွားတယ်။

တကယ်ပါ သူတွဲခဲ့တဲ့ဘယ်လောက်ပင် နာမည်ကြီးတဲ့model မင်းသမီး
အိမ်တော်တခုခုကသခင်မလေးဖြစ်လင့်ကစား
သူအဆင်ပြေသလိုကြုံသလိုသာဆက်ဆံပြောဆို့ ခဲ့တယ် ဒီလိုတကူးတကပြင်ဆင်ဖို့ ဆိုတာဝေးစွ တဖက်လူရဲ့အမြင်ဘယ်လိုရှိတယ်ဆိုတာကိုတောင်
သူခေါင်းရှုပ်ခံတွေးတောမနေခဲ့ဘူး။

ပန်းပျိုးလက်(ပန်းပျိုးလက်)CompleteHikayelerin yaşadığı yer. Şimdi keşfedin