[Zawgyi]
ယနေ့သည် ယွန်းဂီ အလုပ်ကိစ္စအတွက် ဂျပန်သို့ သွားရမည့်နေ့ ဖြစ်သည်။
ထို့အတွက် သူ၏ လသားအရွယ်လောက်ဘဲ
ရှိသေးသည့် မွေးစားသားလေး မင်ဂျီမင်အား
မခွဲနိုင်မခွာရက် စိတ်မချဖြစ်ကာ သူ၏ သူငယ်ချင်း အရင်းဖြစ်သူ ဂင်မ်ထယ်ယောင်းအား အပ်ထားပြီး မှာတမ်းချွေနေခြင်းဖြစ်သည်။ကလေးအတွက် ဆောင်ရန် ရှောင်ရန် အချက်များ
အပြင် လိုအပ်သည့်အရာများကိုလည်း
သူ့၏ Cardထဲရှိ ငွေတဝတ်ကို Taehyung
Cardထဲ လွှဲပေးခဲ့လိုက်သည်။ထယ်ယောင်းမှာလည်း လသားအရွယ်လောက်သာ
ရှိသေးသည့် ဂျီမင်နီးလေးအား တအားချစ်ရှာသည်မို့
သူနှင့် ထားခဲ့ဖို့ကို သူစိတ်ချခဲ့လိုက်သည်။တကယ်တော့ သူ ဂျပန်သို့ မသွားချင်ပါ။
ဆုံးသွားပြီ ဖြစ်သော ဖခင်ဖြစ်သူ၏ နောက်ဆုံး
ဆန္ဒဖြစ်သည်ဖို့ မသွားချင်ဘဲ သွားရမည်ဖြစ်သည်။ဂျီမင်နီးလေးကို သူ သံယောဇဉ် ရှိနေလေပြီ။
ခွဲခွာဖို့ကတော့ မဖြစ်နိုင်တော့ပါ။ ဂျီမင်နီးလေး
Daddy လို့ခေါ်မည့် အသံကို ကြားချင်သေးသည်။ကလေးလေးမရှိဘဲ ဂျပန်တွင် 6နှစ်တာ
ကာလကို ဖြတ်ကျော်ရမည်လေ။နေနိုင်ရဦးမည်ပေါ့ မင်ယွန်းဂီရေ...။
💖💖💖
"စိတ်ချပြီးတော့သာ သွားပါ ယွန်းဂီရယ်
မင်နီးလေးကို ငါစောင့်ရှောက်မှာပါ။"ထယ်ယောင်း ယွန်းဂီကို နွေးထွေးသော
အပြုံးဖြင့် လေဆိပ်တွင် နှုတ်ဆက်ကာ
ပြုံးပြလိုက်သည်။အင်းပေါ့လေ။ 6လတာ ခေါင်းပန်းကြီးစွာ
ထိန်းကျောင်းခဲ့ရသည့် ဂျီမင်နီးလေးနှင့်
ခွဲခွာရတော့မည်ဆိုသည်မှာ မလွယ်ကူ
လှပါ။ယွန်းဂီအကြောင်းဆိုသည်မှာ ထယ်ယောင်း
အသိဆုံး။ သံယောဇဉ် မထားရင်လည်း
မထားသလို ထားပြီဆိုရင်လည်း တအား
သံယောဇဉ်ကြီးသည်။အခုဆိုရင်လည်း ဂျီမင်နီးလေးကို သံယောဇဉ်
ရှိနေပြီ ဖြစ်သဖြင့် လေယာဉ်ပေါ် မတက်သေးဘဲ
အချိန်တွေစွဲနေလေသည်။
YOU ARE READING
CEO MIN[Yoonmin💗]
FanfictionTop-Min Yoongi Bottom-Park Jimin ချစ်ဖို့ကောင်းတဲ့ ဂျီမင်းနီ လေးက ကိုယ့် အပိုင်။ ရေခဲတုန်းကြီး ယွန်းဂီကလည်း မင်နီး အပိုင်။ 💗Yoonmin💗