Ep12~I will confess but just listen I sing for you~

1.6K 94 7
                                    

~I love you a lot but I don't say a words, it's awkward that pride doesn't allow me~

သူတို့ခရီးထွက်လာတာက ဒီဇင်ဘာလအတွင်းဖြစ်နေ​တော့ ရာသီဥတုက အအေးဓာတ်ပိုနေခဲ့သည်။

"ဒီနေ့ပြီးရင် နှစ်သစ်ရောက်ပြီနော်"

"အင်း"

နှစ်သစ်ကိုကြိုဆိုတဲ့အနေနဲ့ ကျောင်းသားကျောင်းသူတွေ အကုန်လုံးစုပေါင်း​ပြီး ပျော်ပွဲရွှင်ပွဲ လုပ်နေကြတာဖြစ်သည်။

"နှစ်သစ်ကို သူငယ်ချင်းတွေနဲ့ခရီးထွက်ရလို့ ငါအရမ်းပျော်တယ်"

"အင်း"

"မင်းရော... မပျော်ဘူးလား"

"ပျော်တယ်"

မီးပုံကြီးကြီးဝိုင်းဖွဲ့ထားပြီး ဆိုလိုက် ကလိုက် ဂိမ်းတွေကစားလိုက်နဲ့ ဆရာဆရာမတွေကလည်း သူတို့ကို စိတ်တိုင်းကျပျော်ရွှင်ခွင့်ပေးထားသည်။ တစ်ယောက်နဲ့တစ်ယောက်မသိခဲ့ကြတာတောင် တစ်ချို့တလေကို ရည်မွန်ရင်းနှီးနေခဲ့ပြီ။ ထူးခန့်ဆိုတဲ့ကလေးလည်း အပါအဝင်​ပေါ့။

"အစ်ကို"

ရည်မွန်မော့ကြည့်လိုက်တော့ ထူးခန့်က သူ့ဘေးမှာရပ်နေသည်။

"အစ်ကို့ဘေးမှာ နေရာလွတ်နေလို့ ထိုင်လို့ရမလား"

ရည်မွန်ခေါင်းညိမ့်ပြလိုက်သည်။ နေရာလွတ်နေရတဲ့အကြောင်းအရင်းက ချေမိုးဘက်ကို သူတအားကပ်နေတာကြောင့်ဖြစ်သည်။ အခုလည်း သူ့ဘေးကို အဲ့ကောင်လေးဝင်ထိုင်လိုက်တော့ သူထပ်​ပြီးချေမိုးဘက်ကို ပိုတိုးလိုက်ပြန်သည်။ ချေမိုးကသတိထားမိပုံမပေါ်လို့ တော်သေးသည်။

"ကျွန်တော့မှာ လက်အိတ်အပိုပါတယ်။ အစ်ကိုအေးနေမယ်ထင်လို့ ယူလာတာ"

ထူးခန့်တစ်​ယောက် ရည်မွန်အေးနေမယ်ဆိုတာသိသည်။ အစ်ကိုကလက်နှစ်ဖက်ကိုပွတ်​ပြီး ပါးစပ်ကအာငွေ့ပေးနေတာကိုသူမြင်တော့ သူအပိုဝယ်ထားတဲ့လက်အိတ်ကိုသုံးဖို့ အချိန်ရောက်လာ​ပြီ။

"ကျေးဇူးပါ"

ထူးခန့်ကိုသူပြုံးပြလိုက်​ပြီး လက်ခံယူလိုက်သည်။ ဒီလောက်ထိအေးလိမ့်မယ်လို့ သူလုံးဝမထင်ထားဘူး။ ဆရာမတွေလည်း ဒီကိုပထမဆုံးလာဖူးကြတာဖြစ်လို့ အခြေအနေက ဒီလောက်ထိဖြစ်မယ်လို့ မထင်ထားဘူးတဲ့။ တောင်ပေါ်ဒေသမို့ အေးတာလို့လည်းပြောသည်။

Rain💛Moon (Completed)Opowieści tętniące życiem. Odkryj je teraz