မွေးနေ့ဆုတောင်းမကတဲ့တစ်စုံတစ်ရာ

17 2 0
                                    

          ‌မြတ်နိုးမှုဆိုတဲ့ စကားစုလေးဟာ အစ်ကို့ကို တွေ့ရှိခဲ့ချိန်ကစလို့ နှုတ်ခမ်းအောက်ကမှဲ့နက်လေးမှာ ဖြစ်တည်ခဲ့ပါတယ်။ စာသင်ကျောင်းက အသင်းအရောင်တွေထဲ ကျနော်က အကြည်ရောင်လေးပါ ထပ်ထည့်ချင်သေးတာ။ ကိုယ်စားပြုက အစ်ကိုပေါ့။ မတွေ့မမြင်ရလည်း ချစ်ခြင်းတရားမှာ အသွားအပြန်ရှိတယ်ဆိုတာ ယုံပါတယ်။ အအေးဓာတ်လိုတဲ့အခါ အစ်ကိုဟာ အေးအေးချမ်းချမ်းလေး ဖြစ်ပြီး အနွေးဓာတ်လိုတဲ့အချိန် အစ်ကိုဟာ နွေးနွေးထွေးထွေးလေး ရှိနေပြန်ပါတယ်။ ဒါဟာ ယုံကြည်ထားတဲ့ ချစ်ခြင်းရဲ့အသွားအပြန်ကြောင့်ပါပဲ။

       ကျနော်သိတဲ့ အစ်ကိုက တစ်ပါးသူကို မရက်စက်တတ်လို့ မဆွဲချတတ်လို့ မထိုးနှက်တတ်လို့ ကြီးမြတ်တဲ့ အစ်ကို့စိတ်ဓာတ်ကို လေးစားရင်းအချစ်ပိုရသေးတယ်။ သေးသိမ်တဲ့စကားတွေနဲ့ ယုတ်ညံ့တဲ့လူတွေအားလုံး အစ်ကို့အကြည်ဓာတ်အောက် ကျရှုံးကြပါစေ။

    သန့်ရှင်းဖြူစင်လွန်းတဲ့အစ်ကိုကို့ ဘာလို့ ရှုပ်ထွေး‌ေပွလီတဲ့ လူ့လောကကြီးထဲ ပို့ပေးရတာလဲဆိုပြီး ဘယ်သူမှန်းမသိတဲ့တစ်ယောက်ယောက်ကို ကျနော်က အပြစ်တင်ချင်သေးတာ။ တကယ်ဆို လူ့လောကကို အစ်ကိုရောက်လာလို့သာ ကျနော့်လို နိမ့်ကျတဲ့လူသားလေးက အစ်ကို့ကို တွေ့ခွင့်ရခဲ့တာကိုမေ့ပြီးတော့ပေါ့။ အဲ့လိုဆိုတော့လည်း ကျနော်က အစ်ကိုဟာ ကျနော်တို့လို့ နိမ့်ကျတဲ့သူတွေအတွက် စစ်မှန်တဲ့ကံကောင်းမှုဖြစ်တဲ့ ချစ်ခြင်းမေတ္တာကို ယူဆောင်လာပေးဖို့ အစ်ကို့ရဲ့ သန့်ရှင်းစင်ကြယ်မှုကိုမှမထောက် ယုတ်ညံ့တဲ့ ဒီလောကထဲ ပေးဆပ်ပြီး ရောက်လာခဲ့သလားလို့ တွေးမိလိုက်ပြန်ရော။ ဘာပဲဖြစ်ဖြစ် အစ်ကိုဟာ ရှောင်းကျန့်မို့လို့ ရှောင်းကျန့်ဖြစ်နေလို့ကို အဆုံးအစမဲ့ကြည်လင်ခြင်းတွေနဲ့ အေးချမ်းစေပါတယ် ။ အစ်ကို့ကြောင့်သိခွင့်ရခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေအတွက် ကျေးဇူးတင်တယ် မြတ်နိုးရပါတယ် ချစ်ရသောရယ်။

    ❄️ဘ၀တစ်လျှောက်ပြုခဲ့သမျှ ကောင်းမှုတို့ကို တိုင်တည်ပြီး အကြည်ဓာတ်လေးအစ်ကို့အတွက် တောင်းဆုပြုပါတယ်။ အတိုက်အခိုက်တွေကင်းပါစေ။ အန္တရာယ်တွေဝေးပါစေ။ နာကျင်စရာတွေကြွေပြီး အစ်ကို့ကမ္ဘာမှာ ချစ်ခြင်းမေတ္တာတွေသာဝေပါစေ။❄️

    ရှေ့ဆက်သွားမယ့် ခရီးတိုင်းမှာ အတူရှိနေပေးပြီး ပျော်ရွှင်စရာတွေမျှဝေမယ် နာကျင်စရာတွေ မျှယူပေးမယ်။ အစ်ကို့အတွက် ပါဝါရိန်းဂျားအနီကောင်လေးလုပ်ပြီး ကာကွယ်ပေးမယ်။ အစ်ကိုမျက်နှာငယ်ရမယ့် အပြုအမူ‌အပြောအဆိုတွေရှောင်ပြီး အစ်ကိုဂုဏ်ယူရမယ့် အလုပ်တွေပဲလုပ်မယ်။ အဲ့ဒီအတွက်အဖိုးအခကတော့ အစ်ကိုအမြဲပြုံးရယ်နေပေးဖို့ပါပဲ။

#Happy30thBirthdayXiaoZhan

🌻5102021🌻

WishesWhere stories live. Discover now