[Zawgyi] ချစ်ရပါသော အကို [Unicode] ချစ်ရပါသော အကို

217 37 7
                                    

[Zawgyi]
အကို၊ ချစ်ရပါသော အကို.....
ပြောရမှာ အားတော့နာပေမယ့် ကျွန်တော်လေ အကို့ကို စတွေ့တည်းက‌နေ ခုချိန်ထိ ချစ်မိနေတုန်းပဲဗျ။

အကို ကျွန်တော့်ကို စတွေ့တဲ့ ပုံစံလေးတွေကို မြင်ယောင်နေမိတယ်။ အကိုက ဒီကောင်လေးကို နှစ်ခါတောင် တွေ့ဖူးတယ်ဆိုတော့ တွေး,တွေးပြီး ပျော်နေလေရဲ့။ ဒါပေမယ့် အချိန်တွေကို နောက်ဆုတ်ချင်မိတယ်။ ကျွန်တော် အကို့ကို မတွေ့လိုက်ရလို့လေ။

အကို လာပြီး စကားစပြောတဲ့နေ့၊ ဖွင့်ပြောတဲ့နေ့၊ စတွဲကြတဲ့ နေ့တွေကို မှတ်မိနေတုန်းပဲဗျ။ အတန်,တန်ငြင်းမိနေတာကြောင့် ဆဲခံရတဲ့ စကားလုံးတွေကိုရောပဲ။ ဆဲတာတွေကို သဘောကျပြီးတော့တောင် ပြန်ချစ်မိသွားတာလားပဲ။

အကိုပို့ပေးတဲ့ ပုံလေးတွေကို Album လေး ဖန်တီးပြီး သိမ်းထားသေးတယ်။ တစ်ချို့ပုံတွေဆို အကို့ဆီမှာတောင် မရှိလောက်တော့ဘူးရယ်၊ ဟီး"။ လာတော့ မတောင်းနဲ့နော်၊ အကို။ ကျွန်တော် မပေးဘူး။

အကိုတော့ သိမယ်မထင်ပါဘူး။ အကို့ဆီက ရတဲ့ React လေးတွေကို Screenshot ရိုက်ပြီး သိမ်းထားသေးတာဗျ။ တစ်ချို့ Conversation လေးတွေ‌ကို ရောပဲ။ ( Cb မှာဆိုရင် အကိုက ကျွန်တော့်ပုံတွေ၊ စာတွေကို React ပေးခဲတယ်လေ။ )

အကိုရေ သီချင်းတွေဆိုပြပေးလို့ ကျေးဇူးပါနော်။ အကိုဆိုပြတဲ့ သီချင်းလေးတွေကို ကျွန်တော့်ရဲ့ တစ်ခြားအကောင့်ဆီပို့ပြီး သပ်,သပ်စုထားသေးတာ။
“I don't wanna be alone tonight.” ဆိုတာလေးကို မှတ်မိသေးလား။ ဆိုင်ကကြားလာလို့ ပြန်ဆိုပြတာလေးလေ။ 👻
( Dancing with a stranger - Sam Smith )

အကို့အပြောတွေ၊ အပြုံးတွေက အရည်ပျော်စေတယ်ဗျ။
“ဟဲ့ အကောင်၊ ဟိုကောင်၊ တောသား၊  _ _ _ ( My name )” အဲ့လို ခေါ်တဲ့ အသံလေးတွေဆိုလည်း အသေသဘောကျတာ။ အကို့အပြုံးတွေဆိုတာ ချိုလိုက်တာလေ၊ ပြောမနေနဲ့။ ပျားရည်ထက်တောင် ချိုတယ်ထင်ရတယ်။

Nickname တွေ မပေးကြပေမယ့် “အကို နဲ့ ဟိုကောင်” ဆိုတာလေးတွေက ကြည်နူးစရာကြီး။ Nickname တွေ ပေးကြမယ်ဆိုတော့ ‘ယောက်ျား’လို့ ခေါ်ရမှာလားတဲ့။ ဟား"၊ ချစ်စရာကြီး။

[Zawgyi] ချစ်ရပါသော အကို  [Unicode] ချစ်ရပါသော အကိုWhere stories live. Discover now