"မောင် ရေ"
အမောင်ဗိုက်ရဲ့ ချွဲချွဲနွဲ့နွဲ့ခေါ်သံကြောင့်
ငြိမ်းထက်သာကြက်သီးထသွားတယ် ဘာတွေမွှေချင်ပြန်ပြီလဲမသိဘူး။"omm ပြောလေ လျှမ်း"
"ဟိုဟာလေ သရက်သီးလေးကိုပါးပါးလေးတွေလှီးပြီး ငပိများများ ငရုတ်သီးမှုန့်များများလေးနဲ့သုပ်ကျွေးပါလားဟင်"
မျက်လုံးလေးပေကလပ်ပေကလပ်နှင့်ပြောလာလေသည် ဗိုက်ကဖြင့်နောက်အပတ်ထဲဆိုမွေးတော့မှာကိုခုမှထပြီးအမောင်ဗိုက်ကတဖန်ပြန်ချဉ်ချင်းတတ်လာပြန်ပြီ။
"မရဘူး လျှမ်း မွေးခါနီးကို လုံး၀မစားရဘူး"
"မောင်ကမစားနဲ့ဆိုတော့လဲမစားဘူးတော့ ခုဗိုက်ဆာနေပြီမောင်ကချက်လို့မပြီးတော့ဘူးလား စိတ်တိုလာပြီနော်"
ပြောနေပုံကသူ့ပဲထရိုက်သတ်တော့မလိုပင် လျှမ်းကနဂိုတည်းကအစားသောက်ကြီးတယ် ခုဗိုက်ကြီးနဲ့ဆိုတော့ပို၍ပင်ဆိုးလာတယ် ကြောက်ဖို့ကလဲကောင်းလာတယ်တစ်ခုခုအလိုမကျပြီဆိုကျနော့်ကိုပင်ကိုင်ပေါက်မလားမှတ်ရတယ် တော်ပါသေးရဲ့သျှမ်းကကျနော့်ထပ်လူကောင်သေးလို့။
"အဟမ်း ရပြီကိုယ့်ရဲ့လျှမ်းလေး"
စားသောက်ပြီး၍ အမောင်ဗိုက်လေးကအပေါ်ထပ်အရင်တတ်သွားလေတယ်။ကျနော်ကတော့စားသောက်ပြီးသောပန်းကန်များကိုသိမ်းဆည်းပြီးကာမှ အပေါ်သို့လိုက်တတ်လိုက်လေသည်။
အခန်းထဲ၀င်၀င်ချင်းပင်"ကိုယ့်ချစ်လေးရေ ရက်ချိန်းကနောက်အပတ်ပင်မယ့် စောမွေးရင်လဲမွေးနိုင်တယ်နော်"
ကျနော်ပြောလိုက်သောအခါ လျှမ်းကခနစဉ်စားပြီး
"အင်းး ဟုတ်တယ်နော် စောလဲမွေးနိုင်တာပဲ ကျနော်လဲဒီနေ့နေရတာသိပ်အဆင်မပြေဘူး ဗိုက်ထဲက မွေးချင်နေသလိုပဲ"
"အဲ့တာဆိုမောင် မွေးရင်အဆင်သင့်ဖြစ်အောင်လိုတာတွေအထုပ်နဲ့ထည့်ထားလိုက်အုံးမယ်"
"ကောင်းတယ် မောင် ကြိုထည့်ထားလိုက်မွေးရင်အဆင်သင့်ကောက်သယ်သွားရုံပဲ"