Ep13~I realized that I will never be able to escape from my heart~~

1.6K 88 7
                                    

~Listen to your heart, follow to your heartbeat, enjoy to your feeling and you will understand the LOVE~

"ဒီနေ့က... နောက်ဆုံးနေ့မို့ ဆရာမတို့က နောက်ဆုံးနှစ်က ကလေးတွေနဲ့ပေါင်းပြီး အပျော်ဆော့ဖို့ဂိမ်းတစ်ခု စီစဥ်ထားတယ်"

လျို့ဝှက်အစီအစဥ်ဆိုတော့ အားလုံးကသိချင်နေကြသည်။

"အဆင်းတုန်းက ဘာတွေကိုသတိထားမိခဲ့ကြလဲ"

ဆင်းလာတုန်းက ဖဲကြိုးတွေ သစ်ပင်လေးတွေမှာ အရောင်မတူပဲချည်ထားခဲ့တာတွေတော့ ရည်မွန်အမှတ်တမဲ့ တွေ့လိုက်သည်။ ဒါပေမယ့် သူ့ရဲ့အာရုံတွေက သူ့ဘေးနားကတစ်ယောက်ဆီမှာပဲ မြဲမြံစွာကပ်နေခဲ့တော့ တစ်ခြားအရာကိုစပ်စုဖို့ အာရုံရောက်မနေခဲ့ဘူး။

"တွေ့ခဲ့တဲ့အတိုင်းပဲ... ညနေကျရင် လှုပ်ရှားမှုလေးတစ်ခုရှိမယ်"

ဆရာမတို့ဒီလိုစီစဥ်မယ်မှန်း ဘယ်သူမှသတိမထားကြဘူး။ မနက်ပိုင်း Hiking လုပ်ပြီးရင် ညနေပိုင်းကအားနေတာကို ဆရာမတွေက ပျော်စရာတစ်ခုခုဖြစ်အောင် ဖန်တီးလိုက်တာလို့ဆိုသည်။

"အခုက နေ့လယ်ပိုင်းရောက်နေပြီဆိုတော့ နေ့လယ်စာအရင်စားကြမယ်။ ခဏနားပြီး သုံးနာရီအကျော်​လောက်ကျရင် အစီအစဥ်စမယ်"

မနက်စာစားပြီးကတည်းက သူတို့ဆက်တိုက်လှုပ်ရှားနေရတော့ နေ့လည်စာကို အများကြီးစားနေကြသည်။

"ငါအများကြီးစားလိုက်မိပြီ"

"ငါရော"

သူတို့သုံးယောက်လုံးအခန်းထဲပြန်ရောက်လာပြီး လူးစစ်နဲ့သူက ခဏလှဲပြီးအနားယူနေလိုက်သည်။ အဲဒီချိန်မှာ ချေမိုးဆီဖုန်းလာတော့ ဖုန်းပြောဖို့အတွက် ချေမိုးအခန်းထဲကထွက်သွားခဲ့သည်။

"ကြည်ညိုဘယ်ရောက်နေလဲမသိဘူး"

"မသိဘူး"

ဒီဘက်မှာကလည်း ကြည်ငြိုက အခန်းကိုပြန်လိုက်မလာဘဲ စမ်းရောင်နဲ့သူ နှစ်ယောက်ပဲရှိသည်။ စမ်းရောင်က အခုတလော သူနဲ့စကားနည်းသွားတာမို့ သူ့ဘက်ကစမ်းရောင်ကို စကားပြောဖို့ခက်ခဲနေသည်။ နောက်ပိုင်း သူတစ်နေရာရာသွားရင် စမ်း​ရောင်ကနေမကောင်းဘူးဆိုတဲ့ အကြောင်း​ပြချက်တစ်ခုခုနဲ့ ကျန်နေခဲ့တတ်သည်။ မင်းနဲ့နေသားကျနေပြီဖြစ်တဲ့ငါ့ကို မင်းမဟုတ်သလိုပုံစံနဲ့ မဆက်ဆံစေချင်ဘူး။ ဒါကို မင်းသိအောင် ငါဘယ်လိုပြောပြရမလဲအရောင်ရာ။

Rain💛Moon (Completed)Where stories live. Discover now