Ep14~Love should not make me feel like roller coaster~

1.6K 76 8
                                    

~At the touch of love, everything become a part. When you are truly in love, the one you are thinking is enough~

လူတွေဟာကိုယ့်ခံစားချက်အတိုင်းကိုအပြင်မှာထုတ်ဖော်ပြသဖို့ဝန်းလေးကြမြဲပဲ။ များသောအားဖြင့် အချစ်နဲ့ပတ်သက်လာရင် ပွင့်ပွင့်လင်းလင်းရှိတတ်တဲ့သူတွေထက် လျို့ဝှက်ပြီးဖုံးကွယ်ရတာကို ပိုသဘောကျကြတဲ့သူတွေကများလာတာ​ပေါ့။ အဲဒါကြောင့် တစ်ဖက်သက်ဆိုတဲ့အချစ်က ပေါ်ပေါက်လာရတာမလား။ အဲဒါကမှားလားဆိုတော့လည်း မမှားပါဘူး။ ကိုယ်ကြိုက်တဲ့သူကို ကိုယ့်ရင်ဘက်ထဲမှာ ထည့်သိမ်းတာကမှန်ပါတယ်။ ဒါပေမယ့်လို့ အချိန်ကြာလာတာနဲ့အမျှ ပိုပိုပြီးခံစားလာရမှာ ကိုယ်ကိုယ်တိုင်ဆိုတာ သတိမထားမိကြဘူး။

" ဝေးသွားမှာကြောက်လို့ ဖွင့်မပြောရင်
ဖွင့်မပြောခဲ့မိလို့ ဝေးသွားရမှာကို ပိုမကြောက်ဘူးလား "

ဒီလိုဆိုရင် တစ်ဖက်သတ်မဟုတ်ဘဲ ရင်ထဲမှာသိမ်းထားတာမဟုတ်ပဲ ဖွင့်ပြောမယ်ဆိုရင်ရော မခံစားရဘူးလား။ ကိုယ့်ကိုလက်မခံနိုင်ရင်တော့ ခံစားရမှာပေါ့။ ဒါပေမယ့်လို့ ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာကို သိအောင်ဖွင့်ပြောလိုက်နိုင်တဲ့အတွက် ခံစားရတာနည်းနည်းပေါ့သွားမယ်။ နောင်တဆိုတာမရှိတော့ဘဲ လက်လွတ်နိုင်သွားမယ်။ ဒါပေမယ့် တစ်ဖက်သတ်ခံစားချက်ထားတဲ့သူဆီမှာချွင်းချက်တစ်ခုရှိသည်။

" မျှော်လင့်ချက်မထားဘဲ ချစ်တဲ့အချစ်..."

ကိုယ့်အပေါ် ပြန်မချစ်လာလည်းရတယ်။ ကိုယ့်အချစ်ကို သူမသိလည်းရတယ်။ ချစ်နေရရုံကို ရတယ်ဆိုတဲ့ အချစ်အတွက် ပေးဆပ်နေတဲ့လူနည်းစုဆိုတာရှိတယ်။

" ဒါဆို သူတို့က တစ်ကယ်ပဲ မျှော်လင့်ချက်လုံးဝမထားတာလား"

အမှန်ကတော့ မဟုတ်ပါဘူး။ ကာကွယ်ချင်တဲ့အနေနဲ့ လေးလေးနက်နက် ချစ်မိနေ​ကြတာပါ။ ဖွင့်​ပြောလိုက်ရင် လက်ခံလောက်မလားဆိုတဲ့ အတွေးသာသာလေးပဲမဟုတ်ဘဲ ကိုယ့်ကြောင့် သူ့ဘဝတစ်ခုလုံး ပျက်စီးသွားမလား ၊ ပျော်ရွှင်ပါ့မလားဆိုပြီး တွေးရင်းနဲ့ ဘေးနားမှာပဲနေပြီး ကာကွယ်ချင်တဲ့စိတ်လေးသာ။

Rain💛Moon (Completed)حيث تعيش القصص. اكتشف الآن