Part [ 6 ]

2.2K 230 26
                                    

အဝင်ဝကနေလှမ်းကြည့်ရင် တော်တော်ကျယ်ကျယ်ရှိသည့်ၔည့်ခန်းတွင်တစ်ယောက်တည်းဗျာများနေသူ။ ဆိုဖာမှာထိုင်နေသည့်Taehyungပင်ခေါက်တုန့်ခေါက်ပြန်လျှောက်နေသူကြောင့်ခေါင်းမူးလာသည်။ ဆိုဖာတွေလည်းဝင်တိုက်လိုတိုက် လျှောက်နေသည့်ကြမ်းခင်းသည်မီးတောင်ထွက်လာမတက်။

"ဖွားဖွားအွန်ရယ်ထိုင်ပါဗျာ သူပြန်လာပါလိမ့်မယ် jungkookကကလေးမဟုတ်တော့ပါဘူး သူ့ကိုယ်သူထိန်းနိုင်ပါတယ်"

Jungkook၏မိခင်ဖြစ်သူအွန်မီဆုသည် barကပြန်မလာသေးသူအတွက်စိတ်ပူနေသည်။ အသက်၆၀ကျော်ဝန်းကျင်ရှိသော်လည်း သူမသည်အရွယ်တင်နုပျိုဆဲ။ အသက်၄၀ကျော်လောက်မှရခဲ့သည့်jungkookကို သားကြီးထက်ပိုချစ်သလိုမြေးTaehyungထက်လည်းပိုချစ်သည်။

"Tae မင်းထားခဲ့ပြီးတော့အခုချိန်ဆိုပြန်လာသင့်နေပြီ ဟိုမှာဘာတွေဖြစ်နေမလဲမသိဘူး ပြန်သွားကြည့်ပါလား"

"မကြည့်ချင်ပါဘူး ဖုန်းထပ်ဆက်ကြည့်မယ်"

jungkookကိုဖုန်းခေါ်သည့်အမှုသည်ဒီတစ်ကြိမ်နဲ့ဆို၁၆ခါရှိနေပြီဖြစ်သည်။ ကြားနေရသည့်ဖုန်းထဲကအသံချိုချိုကိုတောင်Taehyungတို့စွဲလမ်းပြီး သွားတွေ့ချင်စိတ်ပေါက်သည်။ Barမှာအရှက်မကွဲချင်လို့ပြန်လာပါတယ် အိမ်ရောက်မှနားစည်ကွဲနေသည့်သူ့အဖြစ်။ barကစည်းချက်တွေတောင်ပျောက်သည်အထိဖွားဖွားအွန်ရဲ့သြဝါဒစကားတွေက သူ့နားထဲအပြည့်။ အရွယ်နုနေလို့သာ ဒီထက်အသက်ကြီးရင်ဖွားဖွားအွန်တို့ဘယ်လိုနေမလဲ။ စိတ်ပျက်လက်ပျက်ဖြင့်Taehyungဖုန်းထပ်ဆက်သည်။

"Jungkook jungkook မင်းဖုန်းလာနေတယ်"

လမ်းတစ်လျှောက်လုံးလဲကျမတတ်သူ့ကိုယ်လုံးကြီးနဲ့မှီလာခြင်းကို ခါးစည်းခံထားရသည့်seokjinကားပေါ်ရောက်မှအသက်ရှူဝသည်။ ခေါ်လာသည့်လမ်းတစ်လျှောက်လုံးမြည်လိုက်သည့်ဖုန်းတွေသည်မနည်းမနော။ ကိုင်ဖို့ရာသူ့ကိုယ်လုံးကိုထိန်းနေရတာနဲ့တင် မဖြစ်ခဲ့။

"Jeon jungkook! "

"ဟင်"

အသကုန်အော်ကာမှ နိုးလာသောကြောင့်တတီတီမြည်နေသည့်ဖုန်းကိုအမြန်ပေးလိုက်သည်။ အိပ်ကောင်းနေသူက မျက်မှောင်တွေကြုတ်၍မူးရီဝေနေသည့်မျက်လုံးတွေနဲ့ကြည့်သည်။ဖုန်းပေးလိုက်တော့ မျက်လုံးတွေကဖုန်းဆီရွေ့သွား၏။

Steady Principle { Completed }Where stories live. Discover now