၂၀၂၀ ခုနစ် ၊ ရှန်ဟိုင်းအထက်တန်းကျောင်း။
ကျောင်းသားတွေအတွက် နားချိန်ဖြစ်တာကြောင့် ကျောင်းအဆောင်တွေနဲ့ ကော်ရစ်တာတွေဆီမှာ လှုပ်ရှားသံတွေနဲ့ စကားသံတွေ ရှိနေတယ်။
အချိန်က နေ့လယ်ဖြစ်တယ်။ ကြည်လင်နေတဲ့ ကောင်းကင်ပြာအောက်က ကျောင်းခေါင်မိုးထပ်ဆီမှာ အထက်တန်း ဒုတိယနှစ်ကျောင်းသား တစ်ယောက် ရှိနေတယ်။
အဝေးတစ်နေရာဆီ ငေးနေတယ်။သီချင်းသံ ခပ်တိုးတိုးနဲ့ နားကြပ်တပ်ထားတယ်။ ဘေးပတ်ဝန်းကျင်ဆီမှာ သူ့ရဲ့ အာရုံက လုံးဝမရှိ။
နေရောင်ကြောင့် သူ့ရဲ့ မျက်လုံးတွေ မှေးထားရာကနေ စက္ကန့်ပိုင်းလောက် မှိတ်ကျသွားတယ်။ စုပ်တစ်ချက် ခပ်တိုးတိုးသပ်လိုက်မိတာက သူ့ကို အနှောင့်အယှက်လာပေးတဲ့ ကျောင်းသူကောင်မလေး တစ်ယောက်ကြောင့်။
" ရိပေါ်..နင်က ဒီရောက်နေတာကို "
သူ့ရဲ့ နားဆီက နားကြပ်ကို ဆွဲဖြုတ်လိုက်တဲ့ ကောင်မလေးကို သူ ဘာမှပြန်မပြောဖြစ်။ ဝမ်ရိပေါ် ဆိုတဲ့သူက အဲ့လိုပဲ။ စိတ်ထဲကမပါရင် ဟန်ဆောင်ပြီးတောင် ပြုံးမပြတတ်တဲ့ လူမျိုး။
" ငါ နင့်ကို ပြောစရာရှိလို့ "
မတ်တပ်ရပ်နေတဲ့ ရိပေါ်က သူ့ရဲ့ လက်တွေကို ဘောင်းဘီအိတ်ထဲ ထည့်ထားတယ်။ မျက်စိရှေ့က ကောင်မလေးက သူ့ကို အတော်မှ အာရုံနောက်စေတယ်။
" ငါ နင့်ကို ကြိုက်တယ် "
" နင်ရော... "
ပြုံးပြနေရာက တည်သွားတဲ့ ကောင်မလေးက သူမရဲ့ ခြေထောက်လှလှလေးတွေကို လက်တန်းဘောင်ပေါ် ရပ်စေတယ်။ အဲ့ဒီနောက် ပြန်ရယ်ပြုံးလာတဲ့ ကောင်မလေးက ကလေးဆန်ဆန်အတွေးတစ်ခုကို တွေးနေလိမ့်မယ်။
" မကြိုက်ဘူး ဆိုရင်ကော "
လူတစ်ယောက်က အမြင့်တစ်နေရာက လက်တန်းပေါ်မှာ ခြေစုံရပ်နေတာကို မြင်နေရပေမယ့် ရိပေါ်ရဲ့ အသွင်အပြင်က အနည်းငယ်လေးတောင် စိုးရိမ်ထိန့်လန့်နေပုံ မပေါ်ဘူး။
" နင် ငါ့ကိုမကြိုက်ဘူးဆိုရင် ငါ... ခုန်ချလိုက်မှာ "
ခပ်ဟိုက်ဟိုက်ရယ်လိုက်တဲ့ ရိပေါ်က အဲ့ဒီကောင်မလေးနား ဖြေးဖြေးချင်း လျှောက်သွားတော့
တစ္ဖက္က ကောင်မလေးကတော့ ရိပေါ် သူ့ကို ဟန့်တားမယ်လို့ တွေးပြီး ပြုံးတယ်။
![](https://img.wattpad.com/cover/282065527-288-k529615.jpg)
YOU ARE READING
𝘔𝘺 𝘓𝘶𝘤𝘪𝘧𝘦𝘳 𝘐𝘴 𝘓𝘰𝘯𝘦𝘭𝘺 [ one shot ]
Fanfiction𝖣𝗈𝗇𝖺𝗍𝗂𝗈𝗇 𝖯𝗋𝗈𝗃𝖾𝖼𝗍 𝖥𝗂𝖼𝗍𝗂𝗈𝗇 𝖭𝗈.2 " 𝑤ℎ𝑒𝑛 𝑖𝑠 𝑎 𝑑𝑒𝑣𝑖𝑙 𝑛𝑜𝑡 𝑎 𝑑𝑒𝑣𝑖𝑙 ? 𝑜ℎ..𝑤ℎ𝑒𝑛 𝑦𝑜𝑢 𝑙𝑜𝑣𝑒 𝑖𝑡 "