~I can't stop the feeling for you and I can't lie for myself either. But I afraid to lose you and you are not even mine~
ရည်မွန်ပွဲစဥ်ကို ပိုပြီးအာရုံစိုက်နေမိသည်။ ချေမိုးသာ ဒီပွဲကိုနိုင်သွားရင် သူချေမိုးကိုဖွင့်ပြောတော့မှာဖြစ်သည်။
"ဟေ့ရောင် အမှတ်ကတော့ အပြတ်အသတ်ပဲ"
ချေမိုးဘက်ကအမှတ်က တော်တော်လေးသာနေပြီဖြစ်လို့ နိုင်မယ်ဆိုတာကိုရည်မွန်ကျိန်းသေသွားသည်။
"နိုင်သွားပြီ။ ပွဲလည်းပြီးပြီ။ ပြန်ရအောင်"
"မင်းတို့ပြန်နှင့်။ ငါလုပ်စရာရှိလို့"
"ပြီးရော... ငါတို့တန်းပြန်တော့မယ်"
ပွဲပြီးပြီးချင်းချေမိုးနိုင်သွားတာလို့ သူပျော်သည်။ ဒါပေမယ့် သူ့ရင်ထဲကစကားကို ချေမိုးကိုပြောပြရတော့မှာမို့လို့ ရင်တုန်မိပြန်ရော။
"နင်နိုင်မယ်ဆိုတာ ငါသိသားပဲ"
"ကျေးဇူးပဲချော"
သူချေမိုးဆီရောက်သွားတော့ ချောကချေမိုးနဲ့အတူ ရှိနှင့်နေခဲ့သည်။ ချောရှိနေတာက သူပြောမယ့်စကားအတွက် အတားအဆီးဖြစ်နေသည်။
"မွန်း...ငါနိုင်သွားပြီ"
"Congratulations"
ရည်မွန်ကို 'မွန်း' လို့ ချေမိုးခေါ်တာကြားလိုက်ရတော့ ချောတစ်ယောက် မျက်နှာပျက်သွားသည်။ မိန်းကလေးဆန်တဲ့ဒီနာမည်ကို ချေမိုးမို့လို့ယောကျာ်းလေးတစ်ယောက်ကိုခေါ်တယ်ဆိုတာ ကိုယ်တိုင်ကြားရလို့သာ သူယုံရသည်။
"ငါတော်တယ်မလား"
"အင်း.. မင်းအရမ်းတော်တယ်"
ချောအကဲခတ်ရသလောက်ကတော့ ချေမိုးနဲ့ရည်မွန်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အချိန်တိုတွင်းမှာတော်တော်လေး ရင်းနှီးနေခဲ့တာဖြစ်သည်။ ချေမိုးကဒီလိုလူစားမျိုးမဟုတ်တဲ့အတွက် တစ်ခုခုက သူတို့နှစ်ယောက်ကြားထဲမှာ ကျိန်းသေပေါက်ရှိမယ်လို့ သူစဥ်းစားမိသည်။
"ရိန်း မင်းဒီနေ့အရေးကြီးကိစ္စလုပ်ဖိုရှိလား"
"ထွေထွေထူးထူးရယ်တော့မရှိဘူး။ ဘာလို့လဲ"
VOCÊ ESTÁ LENDO
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...