အေးစက်စက်နိုးထရတဲ့မနက်ခင်းတွေကိုသူမုန်းသည်...။ခပ်နွေးနွေးနေရောင်ခြည်ကဝင်ရောက်နေပေမယ့် ပိုင်ရှင်မဲ့နေတဲ့ကုတင်တစ်ဖက်ခြမ်းက ခေါင်းအုံးလေးကြောင့် နေရောင်ခြည်လေးကလည်း ထင်သလောက် နွေးထွေးမှုမပေးနိုင်...။
ပျင်းရိစွာနဲ့အိပ်ယာပေါ်မှ လေးပင်စွာထလိုက်ပြီး ရေချိုးခန်းထဲသို့ဝင်ကာ မျက်နှာသစ်ခြင်းအမှုကိုပျင်းရိခြင်း အပြည့်နဲ့ပြုလိုက်သည်...။ထို့နောက်အိမ်အောက်ထပ်သို့ဆင်းလာကာ ထမင်းစားခန်းထဲသို့ဝင်ခဲ့သည်...။ခါတိုင်းလိုပဲ အေးစက်စက်မနက်စာက စားပွဲပေါ်မှာ..။ဒီလိုသေချာပြင်ဆင်ပေးထားတဲ့ အေးစက်စက်မနက်စာထက် သူက ကမန်းကတန်းပြင်ပေးရတဲ့ပူနွေးနွေးမနက်စာကိုပိုလို့ပင်သဘောကျသည်...။
ပြင်ပေးသူက ပြင်ထားပေးသည်မို့ စားရမှာကတော့သူ့တာဝန်သာ...။ဖွယ်ဖွယ်ရာရာပြင်ထားပေးတဲ့မနက်စာကို စိတ်မပါစွာစားလိုက်ပြီး ဘေးနားမှာတင်ထားပေးတဲ့နွားနို့ကို ကိုင်လို့ ဧည့်ခန်းဘက်ထွက်လာလိုက်သည်...။
ဆိုဖာပေါ်ကို စိတ်ပျက်လက်ပျက်ထိုင်ချလို့ရောက်တက်ရာရာလိုင်းတွေတစ်ခုချင်းသာပြောင်းလို့ကြည့်နေလိုက်သည်...။
တစ်နေရာအရောက်..သတင်းအစီစဥ်တစ်ခုမှာပါလာတဲ့သတင်းတစ်ပုဒ်ကြောင့် လိုင်းတွေပြောင်းနေရာမှ ရပ်ကာ အာရုံစိုက်လိုက်သည်...။
••Kim groupမှ Yoon groupနှင့် အကျိုးတူပူးပေါင်း••
Jungkook အာရုံစိုက်နေတာ သတင်းကိုမဟုတ်ပဲ သတင်းထဲမှာပါလာတဲ့ Kim group ရဲ့ CEO Kim Seokjinကို...။တစ်နည်းအားဖြင့် သူ့ရဲ့အမျိုးသားကိုသာ အာရုံစိုက်နေခြင်းဖြစ်သည်...။တောက်ပလှပါတဲ့ အပြုံးတွေနဲ့ သူတကာကိုပြုံးပြနေပါတဲ့ Kim Seokjinကြီးပါလား..။ချိုသာသာအပြုံးတွေက အရင်ကလို
သူတစ်ယောက်တည်းအတွက်မဟုတ်တော့ဘူးပဲ...။တောက်ပနေတဲ့ အပြုံးတွေကို မျက်စိမခံနိုင်စွာပဲ TVကိုပိတ်ပစ်ပြီး အခန်းထဲ ပြန်ဝင်လာလိုက်သည်.....။လူတကာကိုပြုံးပြနေတဲ့ Kim Seokjinကို မုန်းလိုက်တာ...။
________🌃
တစ်နေ့လုံးနေလို့ ဖုန်းတစ်ခေါက်တောင်မဆက်ပါတဲ့ Kim Seokjinဆိုတဲ့လူကြီးဟာ သိပ်ကိုမှနေနိုင်တဲ့လူတစ်ယောက်ပေမှန်း Jeon Jungkookမသိခဲ့ရိုးအမှန်...။ချစ်သူဘဝတုန်းကတော့ တစ်မိနစ်ခြားတစ်ခါ ဖုန်းဆက်အလွမ်းသယ်ခဲ့တဲ့ Kim Seokjinကြီးဘယ်မှာလဲ....။ပူပူနွေးနွေး အိမ်ထောင်သည်ဘဝတုန်းက စိတ်မချတာမို့အနားကတစ်ဖဝါးမှမခွာချင်ပါဘူးဆိုတဲ့ Kim Seokjinကြီးကရော...ဘယ်ရောက်နေလဲ...။