Unicode
memory stick တစ်ချောင်းကိုင်၍ TV ရှေ့ခေါက်တုန့်ခေါက်ပြန်သူရိန်လျှောက်နေသည်မှာ မိနစ် ၂၀ ခန့်ပင်ရှိပြီ။ အကြောင်းအရင်းကကိုရဝေသော်ပြောသည့်အစီအစဥ်နံပါတ် တစ်ကို ဒီနေ့အကောင်အထည်ဖော်ရမည်ဖြစ်သောကြောင့်ဖြစ်၏ ကိုရဝေ့ အစီအစဥ်ကရုပ်ရှင်တွေထဲကလို မမြူစွယ် ရပေမယ့် အရမ်းလွယ်ကူသည်တော့မဟုတ်ပေ။ ခက်ခဲပေမယ့် သူရိန် ဦးဝေကိုသူများနောက်အပါမခံလို့ပါ။ ယုံကြည်ထားသူဖြစ်ပေမယ့် ကိုရဝေပြောသည့် မိုးမပြို ပြိုခဲ့သည်ရှိသော်ဟူသည့်စကားက သူရိန့်ကိုအမှန်တကယ်တုန်လှုပ်စေသည်လေ။
ဒီနေ့တနင်္ဂနွေနေ့ဖြစ်သည်ကြောင့် ဦးဝေတစ်နေကုန်အိမ်တွင်ရှိနေပေမယ့် ကိုရဝေပြောသည့်အကောင်အထည် ဖော်ရမည့်အချိန်သည် ညဘက်ဖြစ်သည်။ သို့မှသာ အကျိုးသက်ရောက်မှုပိုများမည်တဲ့။ လက်သည်းကိုတတိတိကိုက်နေမိပြီးနောက် ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချကာ လက်ထဲ memory stick ကို TV တွင် သွားတပ်လိုက်၏ နာရီတစ်ချက်ကြည့်တော့ ၈ နာရီဆိုသည့်အချိန် ဖြစ်သည်ကြောင့် လှုပ်ရှားရမည့်အချိန်ကနီးကပ်လာပြီဖြစ်သည်။ ချွေးအနည်းငယ်ပြန်နေသည့်လက်ကို အင်္ကျီနှင့်ပွတ်သုတ်၍ စိတ်မလှုပ်ရှားစေရန်ထိန်းလိုက်သည်။ ထို့နောက်ဧည့်ခန်းကိုမီးအမှောင်ချလိုက်၏ နံရံကပ်မီးဆိုင်းမှ မီးရောင်ခပ်ဖျော့ဖျော့ကတော့ ပတ်၀န်းကျင်ကိုတော့ထင်ထင်ရှားရှားမြင်နေရ၏
ကိုရဝေသော်ပြောသည့်အစီအစဥ်နံပါတ် ၁ - ဦးဝေနှင့် bl ကားတူတူကြည့်ရမည်။ အင်း......ခပ်ကြမ်းကြမ်းလေးဖြစ်ရမည်။ ကိုရဝေ၏ ခပ်ကြမ်းကြမ်းလေးဆိုသည့်စကားကိုသူရိန် အပြည့်အဝ မထောက်ခံသည်ကြောင့် ကိုရဝေ ရွေးပေးခဲ့သည့် ကားသည် tharntype season 2။
အချိန်ကိုတစ်ချက်ကြည့်၍ Remote ကိုင် ဖွင့်လိုက်စဥ်ပင် ဦးဝေ ဧည့်ခန်းထဲ၀င်လာ၏ သူရိန် ဘာဖွင့်ဖွင့် ဖွင့်သည့်ကားကိုထိုင်ကြည့်နေကျဖြစ်တာကြောင့် ဦးဝေကတော့ဘာမှ မမေးပဲဆိုဖာပေါ်သာထိုင်ချလိုက်၏ မီးပိတ်ထားသည်ကိုတော့ တစ်ချက်ဝေ့ကြည့်လိုက်သည်။ သို့သော် ဘာမှတော့မမေး။ ထိုအထိအရာရာသည်စီစဥ်ထားသည့်အတိုင်းပင် အဆင်ပြေနေသေး၏ Marvel မှ ထွက်သည် Advanger, End game, Civil war စသည့် ဒုန်းဒုန်းဒိုင်းဒိုင်း ခတ်လွန်သိပ္ပံကားများသာကြည့်တတ်သည့် သူရိန်က romance ဆန်ဆန် bl ကားကိုကြည့်နေသည်ကြောင့် ဦးဝေ တစ်ချက်တော့ မျက်ခုံးပင့်သွားပေမယ့် ဘာမှ တော့မပြော။
YOU ARE READING
သက်ဆိုင်သူ (Unicode+Zawgyi)
General Fictionpunishment type ပါ။ အဆင်ပြေတယ်ဆိုမှဖတ်ပါ။