ကျွီ ( တံခါးတွန်းဖွင့်သံ)
" ပြန်လာပြီ အစ်မကြီး "
အိမ်ထဲသို့ ဆွဲအိတ်တစ်အိတ် ဆွဲ၍ဝင်လာသော မိန်းမကြီးတစ်ယောက်အား နောက်ဘေးခန်းမှ ထွက်လာသော မိန်းမကြီးတစ်ယောက်က မေးလိုက်ခြင်းဖြစ်သည်။
ပိန်ပိန်ပါးပါးဖြင့် အဝတ်ထုတ်အိတ်ကြီးဆွဲကာ အိမ်ရှေ့ ဧည့်ခံထဲသို့ ဝင်လာ၍ အိတ်ကြီးကို ဘုတ်ခနဲ့ အောင် ပစ်ချလိုက်၍ အားအင်ချိနဲ့ကာ ထိုင်ချလိုက်လေသည်။" ဒေါ်အယ်ကြီးရေ နင့်သားကတော့ မရတော့ဘူးလေ"
ထိုမိန်းမရဲ့စကားတွေက တုန်ရီစွာဖြင့် ပြောပြလျက် တသိမ့်သိမ့်တုန်နေလေသည်။
" မြေးလေးရေ နင့်ပါးပါးက ဆုံးပြီ "
ငိုပြီးပြောနေသော ကျွန်မအဘွားရဲ့ တုန်ရီနေသောအသံကို နားစွင့်၍ မော့ကြည့်ရာ ဘွားဘွား၏ မျက်နှာပြင်မှ မျက်ရည်များ တလိမ့်လိမ့်ကျလျက်နေသော မျက်နှာပြင်ကို ကျွန်မတွေ့လိုက်ရသည်။ သူမ၏ လက်များသည်လည် ကျွန်မရဲ့ ကျောပြင်ကိုထိပုတ်၍ ပွတ်သပ်လျက်ရှိ၏။ ကျွန်မလည်း ဘွားဘွားကဲ့သို့ပင် မျက်ရည်များ ပါးပြင်ထက်မှ တလိမ့်လိမ့် ကျဆင်းလျက်ရှိ၏။ ကျွန်မသည်လည်း စကားလုံးတစ်ခွန်းမျှ ပြောမထွက်ခဲ့။ ဖြစ်ပျက်ခြင်းကို သိရှိ၍ ကျွန်မပါးပါးကို မရှိတော့ဘူး အသိသည် ငယ်ငယ်ရွယ်ရွယ်ရှိသေးသော ကျွန်မအတွက်တော့ အဆိုးဝါးဆုံး ကြေကွဲမှု ထိန့်လန့်တစ်ခုပင်ဖြစ်နေပါသည်။
" ဒါဆိုရင် ဘာဆက်လုပ်ကြမလဲ တို့တွေ "
ဘေးတွင်ထိုင်နေသော ဒေါ်အယ်ကြီးသည်လည်း မျက်နှာနီမြန်း၍ တလိမ့်လိမ့်ကျဆင်းနေသော မျက်ရည်များ သုပ်လျက် ကျွန်မဘွားဘွား မေးနေ၏
" မနက်ဖြန်ကျမှ စီစဉ်ကျရမယ် နင့်သားထွေးကိုတော့ စောင့်ခိုင်းထားတဲ့တယ် ကျွန်မက မလိုတဲ့ အဝတ်အစားတွေ နဲ့ တခြားဟာတွေ အကုန်ပြန်သယ်လာတာ "
သားအရင်းပမာ ပြုစုစောင့်ရှောက်ပေးခဲ့သော သားမက်ကို ဆုံးရှူံးလျက်ရသော အမေတစ်ယောက် မိမိဝမ်းနဲ့လွယ်၍ မွေးထုတ်ခဲ့သည့် သားကို လက်လွတ်ဆုံးရှုံးလိုက်ရသော မိခင်တစ်ယောက် သူတို့နှစ်ယောက် ရဲ့ အလယ်တွင် ထိုင်နေသော မျက်လုံးဝိုင်းဝိုင်းစက်စက် ကော့လွန်းနေသော မျက်တောင်ကြား၌ မျက်ရည်များဥနေသော လုံးလုံးကျစ်ကျစ် မိန်းကလေးငယ်တို့၏ မြင်ကွင်းသည် ဆိတ်ငြိမ်နေသော ညနက်ကြီး၌ အသံတိတ် ကြေကွဲမှု တစ်ခုသာ ဖြစ်နေတော့သည်။ ထိုနေ့ သည် ဒီဇင်ဘာလ၏ နှစ်ဆယ်ရက် နှစ်နှစ်ထောင်ပင် ဖြစ်သည်။