"တောင့်ထား! ပုံစံမပျက်စေနဲ့!! ဒါမျိုးတောင်မလုပ်နိုင်ရင် မင်းတို့ ဘယ်လိုရန်သူနဲ့ ရင်ဆိုင်မလဲ ဓားစာခံတွေကို ဘယ်လို ကယ်တင်မလဲ!!''
"ပင်ပန်းနေပီလား!!!!"
"မပင်ပန်း....ပါဘူး!!!!"
"တောင့်ခံနိုင်သေးလား!!!"
"ခံနိုင်ပါတယ်!!!''
"မင်းတို့ခံယူချက်တွေက ဘာလဲ!!''
"နိုင်ငံနဲ့ လူမျိုးအတွက် အသက်ကိုပဓာန မထားပဲ ကာကွယ်စောင့်ရှောက်သွားမည်
ဒုစရိုက်အမှောင်လောက ကင်းရှင်းပီး ငါတို့နိုင်ငံ သာယာအေးချမ်းလုံခြုံရမည်
အမိန့်ထက် အရေးကြီးသောအရာ ဘာမျှမရှိ
%@#$%%&*/?@!@$%နံနက်ခင်း နေရောင်ပင် ကောင်ကောင်းမမြင်ရသေးသောအချိန်
ဆောင်းအဝင်ကာလမို့ မြူအနည်းငယ်ထပီး အအေးဓာတ်ရှိနေသော်ညား
အမိန့်ပေးသံ ကြွေးကြော်သံတွေ ဖုံးလွမ်းနေတဲ့ လေ့ကျင့်ရေး ကွင်းထဲက အပေါ်ပိုင်းတွင်စစ်စိမ်းရောင် စွပ်ကျယ် အောက်ပိုင်း ပြောက်ကျားဘောင်းဘီ နှင့်တောနင်းဖိနပ်တို့ ဝတ်ဆင်ထားသော လူငယ်တစ်စုမှာတော့ အအေးဓာတ်ဝင်နေတဲ့ ဆောင်းဦး ရာသီနှင့် လားလားမှမသက်ဆိုင်စွာ ချွေးတပြိုက်ပြိုက်နဲ့
ဒါကတော့ S.W.A.T Team ရဲ့ Junior အပတ်စဉ် Training
S.W.A.T Team ဆိုတာ တစ်နည်း ပြောရရင် ရဲ... အထူးရဲ ပေါ့ သို့သော် မြင်တွေ့နေကြ စခန်းမှာ ထိုင်နေတဲ့ ရဲတွေလို မဟုတ် ဝတ်စုံအသွင်ပြင်က အစမတူညီ
ပုံမှန် ခိုးမှု ရန်ဖြစ်မှု လောင်းကစားမှု စတာတွေကို မှုခင်းမှတ်ရာ စာအုပ်လေးနဲ့ပဲ ရေးမှတ်နေရသည်မျိုးမဟုတ်
မူးယစ်မှောင်ခို လူကုန်ကူးမှု ကဲ့သို့ အမှုကြီးများတွေ မိမိကိုယ်ကို ဓားစာခံလုပ် သလျှိုလုပ်ပီး ရန်သူ့နယ်မြေတွင်း အပိုမပါတဲ့အသက်တစ်ချောင်းကို ဖတ်တွယ်ရင်း စုံစမ်းစစ်ဆေး သတင်းရယူရသူများ ဖြစ်သည်
စစ်ဆင်ရေး တစ်ခုတိုင်း အတွက် အောင်မြင်မှု ဆုလာဘ် ရှိသလို ကျဆုံးမှုအတွက်လည်း အပြစ်ဒဏ်ရှိသည်
လှုပ်ရှားမှုတိုင်းကို တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် လှုပ်ရှားခွင့်မရှိ အဖွဲ့လိုက် ညီညွှတ်စွာ ပူးပေါင်း လှုပ်ရှားရသည်