'FINAL BOSS????'
'.......'
'ငါထင်နေတဲ့သူများလား...'
'ဒီnovelမှာ ဇာတ်လိုက်တွေကိုယှဉ်နိုင်တာ ဘယ်သူရှိလို့လဲ...'
'ဆုန်းဂျီဟျွန်း...ဆုန်းမိသားစုရဲ့ အငယ်ဆုံးသား...'
'Ding! အဖြေမှန်ကန်သဖြင့် LSP 10မှတ်ရရှိ...'
'ဆုန်းယွန်းဟွာက ဆုန်းဂျီဟျွန်းလက်ချက်နဲ့သေခဲ့ရတာမလား...အဲ့တာကလဲ အငြိုးတကြီး ကားနဲ့မသေမချင်းတိုက်သတ်ခံရတာ...သေစမ်း...ငါတော့သေတော့မှာပဲ...'
'စိတ်မပူပါနဲ့ ငါတို့systemက အချိန်မှီတွေပဲပို့ပေးတာပါ...ဒီနေ့က သူဒီအိမ်ကိုစရောက်မဲ့နေ့လေ...ပြီးတော့...'
'ဆုန်းယွန်းဟွာက ဆုန်းဂျီဟျွန်းကို စပြီးနှိပ်စက်တဲ့နေ့.....ဟူး...စိတ်လျှော့စမ်း...ရေး...နင်လုပ်နိုင်တယ်...နင်လုပ်နိုင်တယ်....ဟူး...'
ခေတ္တမျှစိတ်ငြိမ်အောင်နေပြီးနောက် နောင်ခါလာနောင်ခါဈေးထားကာ ရေမိုးချိုးလိုက်လေသည်။ရေမိုးချိုးပြီးနောက် တဘက်လေးပတ်ကာ ရေချိုးခန်းအပြင်ကိုထွက်လာလိုက်သည်။ရေချိုးခန်းအပြင်ရောက်သော် အိမ်စေများက သူမအတွက်အင်္ကျီပြင်ထားပေးကြလေသည်။ပြင်ထားပေးသောအင်္ကျီများကိုကြည့်ရင်း သူမစိတ်ထဲတွင် သက်တန့်များပင် အန်ထွက်ချင်သွားသည်။
'အမယ်လေးလေး...Loli dressကြီးတွေပါလား...အရောင်ကလဲကလေးဆန်လိုက်တာ...သကြားလုံးတွေ အချိုမုန့်တွေရဲ့အရောင်ကြီး...'
'မူလ ယွန်းဟွာက အိမ်တော်ကြီးရဲ့သခင်မလေးလေ...ပြီးတော့ သူတို့အိမ်တော်က တော်ဝင်အိမ်တော်တစ်ခုဆိုတော့ ဒါမျိုးတွေပဲဝတ်တာပေါ့...'
'ဒါဆို ငါ့အကို ဆုန်းအီထယ်နဲ့ငါ့အဖေ ဆုန်းအီဗြောင်ကရော တော်ဝင်မင်းသားအဝတ်တွေနဲ့လား...'
'အဲ့လောက်ထိလဲမဟုတ်ပါဘူး....ဒါနဲ့ ဒီsystemမှာက OOC ကန့်သတ်ချက် မရှိပေမဲ့..အရမ်းကြီးတော့ မသိသာစေ----..'
"ငါ ဒီdressတွေမကြိုက်ဘူး...အဲ့အစား တခြားပေါ့ပေါ့ပါးပါးရှိမဲ့ဟာယူခဲ့..."
ဟမ်းဟမ်း စကားပင်မဆုံးသေး ဖြတ်ပြောလိုက်သော ရေးကြောင့် ဟမ်းဟမ်းတစ်ယောက် မှေးနေသောမျက်လုံးပုစိလေးများမှာ ပြူး၍ပင်သွားတော့သည်။

YOU ARE READING
ဘုရားစူး!ငါကဗီလိန်ပါဟ ဇာတ်လိုက်မ မဟုတ်ဘူးလို့ [Normal]
Fantasyစိတ်ထားကောင်းပေမဲ့ မဟုတ်မခံ ဟုတ်ရင်လဲမခံတတ်တဲ့ စိတ်ဓာတ်ရှိသူလေး ရှေးရေးထင်... သူမဟာ ရုတ်တရုက်ဆိုသလို ဓာတ်လှေကားပျက်ကျမှုမှာသေဆုံးခဲ့ပါတော့တယ် ထိုဓာတ်လှေကားပျက်ကျမှုဟာ သာမရိုးကျလဲမဟုတ်နေသလို သူမရဲ့ပြင်းပြတဲ့ဇောကြောင့် နောက်တစ်ကြိမ်အသက်ရှင်သန်ခွင့်ရရှ...