ဖန်ရေချိုးခန်းထဲကထွက်လာသည်။
ရေချိုးခန်းထဲက ထွက်လာတဲ့ ဖန့်ရဲ့ကိုယ်ပေါ်တွင် တဘတ်တစ်ထည်သာ ခါးအောက်ပိုင်းမှာ နေရာယူလို့ထားသည်။ အိပ်ယာပေါ်ကနေ စာအုပ်ဖတ်နေတဲ့ အထာမျက်လုံးတို့က ဖန့်ကိုယ်ပေါ်မှာပင်။ ဖန်သည်လူချောတစ်ယောက်ဖြစ်ရုံတင်မက ယောကျ်ားပီသသော ကျစ်လစ်တောင့်တင်းသောခန္ဓာကိုယ်ပိုင်ဆိုင်ထားသည်။ အရပ်ကလဲ5ပေ11လက်မ မျက်နာကပြေပြစ် ချောမောသည့်အပြင် အရပ်နဲ့လိုက်ဖက်စွာ အချိုးအစားကျလှသော ခန္ဓာကိုယ်ကြောင့် မိန်းကလေးများရဲ့ သဘောကျခြင်းကိုလဲ ခံရသည်။ ဖန့်ကိုယ်ပေါ်က ရေသီးရေပေါက်ကလေးတွေက ဝင်းဝါနေတဲ့ဖန်ကိုယ်ပေါ်မှာ တွဲခိုနေသည်။
အထာကြည့်နေရင်းကနေ အာခေါင်များခြောက်ကာ လည်ချောင်းတစ်လျှောက် ပူကာရေဆာသလိုလိုဖြစ်လာသည်။
" ဘာတွေများအဲ့လောက်ကြည့်နေတာလဲ။ "
ဖန့်အမေးကြောင့် အထာရှက်ရွံ့ကာ တစ်ဖက်သို့ အကြည့်လွဲလိုက်သည်။
ပန်းနုရောင်ယှက်ပြေးနေတဲ့ အထာမျက်နာဟာ သူ့ကိုရှက်နေတယ်ဆိုတာကို ဖော်ပြလို့နေသည်။
" အပြင်က ညမြင်ကွင်းကိုကြည့်နေတာ။"
အထာမျက်လွှာချထားချင်သော်လည်း ဆွဲဆောင်မှု့ရှိလွန်းတဲ့ ဖန့်ရဲ့ကိုယ်ပေါ်ကနေ အကြည့်မလွဲနိုင်။
" ညမြင်ကွင်းက အဲ့ဒီလောက်တောင်ကြည့်ကောင်းတယ်လား။ ဟား ဟား..."
သူ့ကိုယ်ပေါ်ကနေ အကြည့်မခွာပဲ အပြင်က ညမြင်ကွင်းကို ကြည့်နေတာလို့ ညာတဲ့ကောင်လေး အမောင်အထာကို ဖန်တီးကြည့်ကာ သဘောတကျရယ်မိလိုက်သည်။ မညာတက်ဘဲ ညာချင်နေတဲ့ကောင်လေး။ ဖန်တီးက တမင်စလိုက်တော့ အရှက်သည်းစွာနဲ့ ရန်ပြန်တွေ့ချင်နေတဲ့ကောင်လေး။
အထာရှိရာ ကုတင်ပေါ်သို့ ဖန်တီးအပေါ်ပိုင်းဗလာနဲ့ တက်လာခဲ့သည်။
" ကိုယ်လဲညမြင်ကွင်းလေး ကြည်ချင်တယ်။"
အထာ့နားအနားသို့ တိုးကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။
အထာတစ်ယောက်ကိုယ့်စကားနဲ့ကိုယ်ရယ်မို့ ဘာလုပ်ရမှန်မသိ။ ခေါင်းထဲက ရှိသမျှ အကြံအကုန်ထုတ်နေရသည်။ ဒီလိုအချိန်မျိူးဆို အုံးနှောက်ကမကောင်းတော့တာလား အကြံတစ်ခုမှမထွက်။ ခေါင်းထဲမှာ ဟာလာဟင်းလင်းဖြစ်နေသည်။
YOU ARE READING
Abstarct Of Love (Z&U)
FantasyWarning (18+🔞🔞🔞) ငါက သူတို့အားလုံးကိုဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်။ ဒါ့ကြောင့်ငါသေဆို ရှင်ဆိုရှင်ပေါ့။ ဖန်ဆင်း ကိုယ်ကမင်းကိုချစ်တာ။ ကိုယ်မင်းအပေါ်ရိုးသားတယ်အထာ။ ဖန်တီး လွဲမှားနေတာမဟုတ်ဘူးမလား။ ငါချစ်တဲ့သူဟာ ဘယ်သူလဲဆိုတာ မမှတ်မိလောက်အောင်မရူးဘူး။ ထာဝရ...