"ကမ္ဘာ"
"ဗျာ"
"စက်ဘီးပတ်စီးကြမယ်လာ"
"ဟမ်..အာဏာကလည်း.."
"ဘာလဲ မလိုက်ဘူးလား"
"ဟီး...လိုက်မှာလို့..."
"သေချာကိုင်ထားနော်"
"ဟုတ်"
စက်ဘီးနင်းနေတဲ့ ကောင်လေးရဲ့ ခါးကို နောက်ကနေ ခက်တင်းတင်းလေး ပွေ့ဖက်ကာ စကားပြောနေသောကောင်လေးနဲ့ နောက် က ပွေ့ဖက်ထားတဲ့ လက်ကလေး ကို ငုံးကြည့်ကာ သွားများပေါ်နေအောင် ပြုံးနေသောကောင်လေး တို့ရဲ့ သာယာတဲ့ ညနေခင်းလေးတစ်ခု....
"ရဲမှူး"
အာဏာမင်းစက် စားပွဲပေါ်က ကောင်လေးနှစ်ယောက်ရဲ့ ဓါတ်ပုံလေးကို ကြည့်ကာ အတွေးထဲနစ်မြောနေခိုက် အာကာ့ရဲ့ ခေါ်သံကြောင့်...
"ဟမ်...အင်း... ပြော"
"Lix တို့အဖွဲ့ကို ခြေရာခံမိပြီ ရဲမှူး.. ဒီည သူတို့ On Top Bar မှာ ပစ္စည်းအလဲအလှယ်လုပ်မယ်လို့ သတင်းရထားပါတယ်"
"ဟက်..ကောင်းပြီ တာဝန်ကျေတယ် ငါတို့ စီစဥ်ထားတဲ့အတိုင်း ဆက်လုပ်မယ်"
"ဟုတ်ကဲ့ပါ ရဲမှူး"
"အေး ည၇နာရီ စထွက်မယ်"
"ဟုတ်ရဲမှူး" ဆိုကာ အလေးပြုပြီး ထွက်သွားလေသည်..
အာကာဆိုသည်မှာ ရဲမှူးအာဏာမင်းစက်ရဲ့ တစ်ဦးတည်းသော လက်ထောက်.. အရမ်းလည်း ယုံကြည်ရပြီး အလုပ်လုပ်ရင် တိကျသောကြောင့် အာဏာတစ်ယောက် စိတ်ချမ်းသာရသည်...
ဟူး... ကမ္ဘာ မင်းဘယ်တွေရောက်နေတာလဲကွာ...
အာဏာတစ်ယောက် ဓါတ်ပုံကို ကြည့်ကာ လေပူတစ်ချက်မှုတ်ထုတ်ပြီး ညည်းညည်းညူညူ ပြောကာ လုပ်စရာရှိသည်များ ဆက်လုပ်နေလေသည်...........................
ကြီးကျယ်ခမ်းနားသော အိမ်ကြီး၏ မြေအောက်ခန်းထဲတွင်...
"ဟျောင့်တွေ ဒီနေ့က ပစ္စည်း လဲရမယ့် ကိစ္စ သေချာ စီစဥ်ပြီးပြီလား"
"ဟုတ် Boss"
"ဟုတ်ပြီ တစ်ခုခု လွဲသွားတာမျိုး မမြင်ချင်ဘူးနော်"
"Lix ရာ ငါကို ယုံစမ်းပါ Jark ပါကွ မပိုင်ရင် ခြင်တောင်မရိုက်ဘူး"
"အေး အဲ့အပြောလေးတွေနဲ့ မင်းကိုပဲ ငါမယုံတာ ရှင်းလား"
"Don't worry Lix တစ်ခုခုဖြစ်ခဲ့ရင်တောင် ငါတို့နောက်မှာ မင်းရှိတယ်ဆိုတာ ဘယ်တော့မှ မသိစေရဘူးကွာ အိုခေလား"
"အေး မင်းစကားတည်ပါစေ Jark"
Lix အား မျက်ခုံးတစ်ဖက်ပင့်ပြကာ ဆေးလိပ်မီးညှိနေသော Jark ကို ကြည့်ကာ"မင်းကို ဒီတစ်ခေါက် ယုံကြည်လိုက်မယ် Jark" ဆိုပြီး စိတ်ထဲမှ ပြော၍ ထွက်သွားလေသည်...
