DBUs - 1 (Unicode)

63 4 0
                                    

"ကမ္ဘာ"

"ဗျာ"

"စက်ဘီးပတ်စီးကြမယ်လာ"

"ဟမ်..အာဏာကလည်း.."

"ဘာလဲ မလိုက်ဘူးလား"

"ဟီး...လိုက်မှာလို့..."

"​သေချာကိုင်ထား​နော်"

"ဟုတ်"

စက်ဘီးနင်း​နေတဲ့ ​ကောင်​လေးရဲ့ ခါးကို ​​နောက်က​နေ ခက်တင်းတင်း​လေး ​ပွေ့ဖက်ကာ စကား​ပြော​နေ​သော​ကောင်​လေးနဲ့ ​နောက် က ​ပွေ့ဖက်ထားတဲ့ လက်က​လေး ကို ငုံးကြည့်ကာ သွားများ​ပေါ်​နေ​အောင် ပြုံး​နေ​သော​ကောင်​လေး တို့ရဲ့ သာယာတဲ့ ည​နေခင်း​လေးတစ်ခု....

"ရဲမှူး"

အာဏာမင်းစက် စားပွဲ​ပေါ်က ​ကောင်​လေးနှစ်​ယောက်ရဲ့ ဓါတ်ပုံ​လေးကို ကြည့်ကာ အ​တွေးထဲနစ်​မြော​နေ​ခိုက် အာကာ့ရဲ့ ​ခေါ်သံ​ကြောင့်...

"ဟမ်...အင်း... ​ပြော"

"Lix တို့အဖွဲ့ကို ​ခြေရာခံမိပြီ ရဲမှူး.. ဒီည​ သူတို့ On Top Bar မှာ ပစ္စည်းအလဲအလှယ်လုပ်မယ်လို့ သတင်းရထားပါတယ်"

"ဟက်..​ကောင်းပြီ တာဝန်​ကျေတယ် ငါတို့ စီစဥ်ထားတဲ့အတိုင်း ဆက်လုပ်မယ်"

"ဟုတ်ကဲ့ပါ ရဲမှူး"

"​အေး ည၇နာရီ စထွက်မယ်"

"ဟုတ်ရဲမှူး" ဆိုကာ အ​​လေးပြုပြီး ထွက်သွား​​လေသည်..

အာကာဆိုသည်မှာ ရဲမှူးအာဏာမင်းစက်ရဲ့ တစ်ဦးတည်း​သော လက်​ထောက်.. အရမ်းလည်း ​ယုံကြည်ရပြီး အလုပ်လုပ်ရင် တိကျ​သော​ကြောင့် အာဏာတစ်​ယောက် စိတ်ချမ်းသာရသည်...

ဟူး... ကမ္ဘာ မင်းဘယ်​တွေ​ရောက်​နေတာလဲကွာ...
အာဏာတစ်​ယောက် ဓါတ်ပုံကို ကြည့်ကာ ​လေပူတစ်ချက်မှုတ်ထုတ်ပြီး ညည်းညည်းညူညူ ​ပြောကာ လုပ်စရာရှိသည်များ ဆက်လုပ်​နေ​လေသည်..

.........................

ကြီးကျယ်ခမ်းနား​သော အိမ်ကြီး၏ ​မြေ​အောက်ခန်းထဲတွင်...

"​ဟျောင့်​တွေ ဒီ​နေ့က ပစ္စည်း လဲရမယ့် ကိစ္စ ​သေချာ စီစဥ်ပြီးပြီလား"

"ဟုတ် Boss"

"ဟုတ်ပြီ တစ်ခုခု လွဲ​သွားတာမျိုး မမြင်ချင်ဘူး​နော်"

"Lix ရာ ငါကို ယုံစမ်းပါ Jark ပါကွ မပိုင်ရင် ခြင်​တောင်မရိုက်ဘူး"

"​အေး အဲ့အ​ပြော​လေး​တွေနဲ့ မင်းကိုပဲ ငါမယုံတာ ရှင်းလား"

"Don't worry Lix တစ်ခုခုဖြစ်ခဲ့ရင်​တောင် ငါတို့​နောက်မှာ မင်းရှိတယ်ဆိုတာ ဘယ်​တော့မှ မသိ​စေရဘူးကွာ အို​ခေလား"

"​အေး မင်းစကားတည်ပါ​စေ Jark"
Lix အား မျက်ခုံးတစ်ဖက်ပင့်ပြကာ ​ဆေးလိပ်မီးညှိ​နေ​သော Jark ကို ကြည့်ကာ

"မင်းကို ဒီ​တစ်​ခေါက် ယုံကြည်လိုက်မယ် Jark" ဆိုပြီး စိတ်ထဲမှ ​ပြော၍ ထွက်သွား​လေသည်...

Difference Between Us (Completed)Opowieści tętniące życiem. Odkryj je teraz