"တောက်... Jark ငါ အဲ့လိုတွေ ဖြစ်မယ်ဆိုတာ ကြိုသိလို့ Koi ကို ကားနဲ့ စောင့်ခိုင်းထားတာ.."
မျက်နှာကို လက်နဲ့ အုပ်ကာ ထိုင်နေသော Jark ကြောင့်
"Jark မင်းငါ့ကို ပြောစရာမရှိဘူးလား"
"ဘာလဲကွာ... ငါလည်းသေချာ လုပ်ထားတာပဲ အဲ့ အာဏာမင်းစက်ဆိုတဲ့ ကောင်က ဘယ်လိုသိသွားလဲမှမသိတာ..."
"ဘာ... ဘယ်သူ... ပြန်ပြောစမ်း Jark"
"အာဏာမင်းစက်လေကွာ မင်းမသိဘူးလား ဒီလောက်ရဲလောက မှာ နာမည်ကြီးတာကို"
Lix တစ်ယောက် အာဏာရဲ့ နာမည်ကြားပြီး ငြိမ်သွားတာကြောင့်
"ဟျောင့် Lix ငါပြောတာကြားလား... ဟျောင့် ငါတောင်းပန်ပါတယ်ကွာ နောက် မဖြစ်စေရဘူး.."
"တော်ပြီ မင်းကိုငါ မယုံတော့တာမို့ နောက်တစ်ခေါက်မင်းကို ခိုင်းဖို့ကလည်း ဘယ်လိုမှ ဖြစ်လာမှာမဟုတ်တော့ဘူး မင်းဘာသာမင်း အေးအေးဆေးဆေး မင်း အဖေ အလုပ်မှာ ဝင်နေစမ်းပါ ငါ့အလုပ်ကို လာမနှောက်ယှက်နဲ့ ငါ့အလုပ်က ထောင်နှုတ်ခမ်းဝ လမ်းလျှောက်နေရသလို ပဲ ဆိုတာ မင်းအခု သိပြီမလား"
"ဟူး... အဲ့ဒါဆို မင်းရော ဘာလို့ ဒီအလုပ်ကို လုပ်နေတာလဲ ဒီလောက်ချမ်းသာနေရင်တော်ပြီပေါ့..."
"ငါ့ကိစ္စ မင်းသိစရာမလိုဘူး.."
"Lix အဲ့ဒါတွေကြောင့် ငါ မင်းကို စိတ်မချတာ မင်းမှာ ဘာကိစ္စရှိရှိ ငါ့ကိုပြောလို့ရတာကို.."
"တော်ပြီ မင်းပြန်တော့..."
"ဟူး... ဟုတ်ပါပြီ ငါပြန်မယ် မင်းစိတ်ဆိုးပြေမှတွေ့ကြတာပေါ့"
"ငါက ဘယ်သူကို စိတ်ဆိုးနေလို့လဲ"
"ငါ့ကိုလေ.."
"ဟျောင့် ဒါ စောက်ခွက်ပြောင်ရမယ့်အချိန်မဟုတ်ဘူး ဒိုးတော့"
သူ့ကို လျှာထုပ်ပြောင်ကာ ထွက်သွားသော Jark ကြောင့် Lix စိတ်ထဲကနေ ကြိမ်ဆဲပြီး အိပ်ခန်းထဲဝင်လာကာ ကုတင်ပေါ်လှဲလိုက်ပြီး ခုနက Jark ပြောသွားတဲ့ အာဏာမင်းစက် ဆိုတဲ့ နာမည်ကို ပြန်ရွတ်မိသည်..
"အာဏာ တစ်ကယ်ပဲ ခများလား... တကယ်သာ ခများဆို ကျွန်တော့တို့ ဘဝက ဆန့်ကျင်ဘက်ဖြစ်နေပြီပဲ ဟက် အဲ့လိုဖြစ်မယ်ဆိုတာ သိပေမယ့် တကယ်တမ်း ခများရဲတစ်ယောက်ဖြစ်နေပြီဆိုတာသိရတော့ ပျော်လည်း ပျော်သလို ဝမ်းလည်းနည်းရတယ်... ခများက တော်တာပဲ ငယ်ငယ်က အိပ်မက်ကို အကောင်အထည်ဖော်နိုင်ခဲ့ပြီး ရဲတစ်ယောက်ဖြစ်နေခဲ့လို့ ကျွန်တော့ကိုရော မေ့နေမလား... သတိရနေမလား... ဟူးးးး ဘယ်လိုနေနေပါ ခများနဲ့ကျွန်တော့် ဇာတ်လမ်း ဘယ်လိုမှမဖြစ်နိုင်တော့ဘူးဆိုတာ မှန်နေတာပဲ ကျွန်တော့ဆုတောင်းတွေ မပြည့်ခဲ့ဘူး အာဏာရဲ့ ခများအိပ်မက်တွေတကယ်မဖြစ်ပါစေနဲ့လို့ နေ့တိုင်းဆုတောင်းနေရတဲ့ ကျွန်တော့ရဲ့ ဆုတောင်းတွေ မပြည့်ခဲ့ဘူး ဟက်... ဒါပေမယ့်လည်း ခများအနားမှာ တစ်ခါလောက်ပြန်လာနေချင်မိတယ် အာဏာ.. ကျွန်တော့်ကို အပစ်မတင်ပါနဲ့"