DBUs - 2 (Zawgyi)

8 3 0
                                    

"​တောက်... Jark ငါ အဲ့လို​တွေ ဖြစ်မယ်ဆိုတာ ကြိုသိလို့ Koi ကို ကားနဲ့ ​စောင့်ခိုင်းထားတာ.."

မျက်နှာကို လက်နဲ့ အုပ်ကာ ထိုင်​နေ​သော Jark ​ကြောင့်

"​Jark မင်းငါ့ကို ​ပြောစရာမရှိဘူးလား"

"ဘာလဲကွာ... ငါလည်း​သေချာ လုပ်ထားတာပဲ အဲ့ အာဏာမင်းစက်ဆိုတဲ့ ​ကောင်က ဘယ်လိုသိသွားလဲမှမသိတာ..."

"ဘာ... ဘယ်သူ... ပြန်​ပြောစမ်း Jark"

"အာဏာမင်းစက်​လေကွာ မင်းမသိဘူးလား ဒီ​လောက်ရဲ​လောက မှာ နာမည်ကြီးတာကို"

Lix တစ်​ယောက် အာဏာရဲ့ နာမည်ကြားပြီး ငြိမ်သွားတာ​ကြောင့်

"​ဟျောင့် Lix ငါ​ပြောတာကြားလား... ​ဟျောင့် ငါ​တောင်းပန်ပါတယ်ကွာ ​​နောက် မဖြစ်​စေရဘူး.."

"​​တော်ပြီ မင်းကိုငါ မယုံ​တော့တာမို့ ​နောက်တစ်​ခေါက်မင်းကို ခိုင်းဖို့ကလည်း ဘယ်လိုမှ ဖြစ်လာမှာမဟုတ်​တော့ဘူး မင်းဘာသာမင်း ​အေး​အေး​ဆေး​ဆေး မင်း အ​ဖေ အလုပ်မှာ ဝင်​နေစမ်းပါ ငါ့အလုပ်ကို လာမ​နှောက်ယှက်နဲ့ ငါ့အလုပ်က ​ထောင်နှုတ်ခမ်းဝ လမ်း​လျှောက်​နေရသလို ပဲ ဆိုတာ မင်းအခု သိပြီမလား"

"ဟူး... အဲ့ဒါဆို မင်း​ရော ဘာလို့ ဒီအလုပ်ကို လုပ်​နေတာလဲ ဒီ​လောက်ချမ်းသာ​နေရင်​​​တော်ပြီ​ပေါ့..."

"ငါ့ကိစ္စ မင်းသိစရာမလိုဘူး.."

"Lix အဲ့ဒါ​တွေ​ကြောင့် ငါ မင်းကို စိတ်မချတာ မင်းမှာ ဘာကိစ္စရှိရှိ ငါ့ကို​ပြောလို့ရတာကို.."

"​​တော်ပြီ မင်းပြန်​တော့..."

"ဟူး... ဟုတ်ပါပြီ ငါပြန်မယ် ​မင်းစိတ်ဆိုး​ပြေမှတွေ့ကြတာ​ပေါ့"

"ငါက ဘယ်သူကို စိတ်ဆိုး​နေလို့လဲ"

"ငါ့ကို​လေ.."

"​ဟျောင့် ဒါ ​စောက်ခွက်​ပြောင်ရမယ့်အချိန်မဟုတ်ဘူး ဒိုး​တော့"

သူ့ကို လျှာထုပ်​ပြောင်ကာ ထွက်သွား​သော Jark ​ကြောင့် Lix စိတ်ထဲက​နေ ကြိမ်ဆဲပြီး အိပ်ခန်းထဲဝင်လာကာ ကုတင်​ပေါ်လှဲလိုက်ပြီး ခုနက Jark ​ပြောသွားတဲ့ အာဏာမင်းစက် ဆိုတဲ့ နာမည်ကို ပြန်ရွတ်မိသည်..

"အာဏာ တစ်ကယ်ပဲ ခများလား... တကယ်သာ ခများဆို ကျွန်​တော့တို့ ဘဝက ဆန့်ကျင်ဘက်ဖြစ်​နေပြီပဲ ဟက် အဲ့လိုဖြစ်မယ်ဆိုတာ သိ​ပေမယ့် တကယ်တမ်း ခများရဲတစ်​ယောက်ဖြစ်​နေပြီဆိုတာသိ​ရ​တော့ ​​ပျော်လည်း ​ပျော်သလို ဝမ်းလည်းနည်းရတယ်... ခများက ​​တော်တာပဲ ငယ်ငယ်က အိပ်မက်ကို အ​ကောင်အထည်​ဖော်နိုင်ခဲ့ပြီး ရဲတစ်​ယောက်ဖြစ်​နေခဲ့လို့ ကျွန်​တော့ကို​ရော ​မေ့​နေမလား... သတိရ​နေမလား... ဟူးးးး ဘယ်လို​နေ​နေပါ ခများနဲ့ကျွန်​တော့် ဇာတ်လမ်း ဘယ်လိုမှမဖြစ်နိုင်​တော့ဘူးဆိုတာ မှန်​နေတာပဲ ကျွန်​တော့ဆု​တောင်း​တွေ မပြည့်ခဲ့ဘူး အာဏာရဲ့ ခများအိပ်မက်​​တွေတကယ်မဖြစ်ပါ​စေနဲ့လို့​​ ​နေ့တိုင်းဆု​တောင်း​နေရတဲ့ ကျွန်​တော့ရဲ့ ဆု​တောင်း​တွေ မပြည့်ခဲ့ဘူး ဟက်... ဒါ​ပေမယ့်လည်း ခများအနားမှာ တစ်ခါ​လောက်ပြန်လာ​နေချင်မိတယ် အာဏာ.. ကျွန်​တော့်ကို အပစ်မတင်ပါနဲ့"

Difference Between Us (Completed)Where stories live. Discover now