DBUs - 3 (Unicode)

13 3 0
                                    

စခန်းနားက ​ကော်ဖီဆိုင်ပဲ ​ခေါ်လာခဲ့ရသည်..

"ဒီ နှစ် ၂၀ လုံး မင်းဘယ်​တွေ​ရောက်​နေတာလဲ ကမ္ဘာ"

"အဲ့ဒါ ကျွန်​တော် အာဏာကို ​ပြောပြလို့ရတဲ့ အချိန်ကျရင် အကုန်​ပြောပြမှာပါ.. အခု​တော့ ကျွန်​တော်တို့ အရင်လို ပြန်​နေရ​အောင်​လေ​နော်.. ကျွန်​တော့ အာဏာကို အရမ်း​တွေ့ချင်​နေတာဗျ.. ကျွန်​တော် နိုင်ငံခြားက ပြန်​ရောက်​ရောက်ချင်း အာဏာသတင်းကြားတာနဲ့ လာ​တွေ့တာ..."

"ဘာသတင်းကြားတာတုန်းကွ.."

"​သြော် လူဆိုးဖမ်းတဲ့​နေရာမှာ ပြိုင်စံရှား ရဲမှူး အာဏာမင်းစက် သတင်း​ပေါ့"

"ဟား..ဟားးး.အဲ့​လောက်လဲမဟုတ်ပါဘူးကွာ.. ငါလည်း မင်းကို ​တွေ့ချင်​​​နေတာပဲ မင်းက ငါ့ကို စာမလာ သတင်းမကြားနဲ့ ပစ်ထားခဲ့တာ​လေကွာ..."

"Sry ပါ အာဏာ ကျွန်​တော်လည်း ရုတ်တရက်ကြီးဖြစ်သွားလို့ပါ.."

"အင်းပါ.. ထားလိုက်ပါ​တော့ ဒါနဲ့ မင်းအခု ဘာ​တွေလုပ်​နေလဲ.."

"ဒီလိုပါပဲ"

"ဟ.. ဘာဒီလိုပါပဲလဲ မင်း အရမ်းသ​​ဘောကျတဲ့ ပန်းချီ ဆရာမဖြစ်ချင်​တော့ဘူးလား..." အာဏာရဲ့ အ​မေး​ကြောင့်.. ကမ္ဘာ စိတ်ထဲက​နေ​ပြောလိုက်မိသည်..

"ကျွန်​​တော့်ရဲ့ လက်​တွေက ပန်းချီဆွဲဖို့မဟုတ်​တော့ဘူး အာဏာရဲ့ လူသတ်ဖို့​ဖြစ်​နေပြီဗျ ဟက်ဟက်.."

"ကမ္ဘာ.. ကမ္ဘာ ငါ​​မေးတာကြားလား ဘာ​တွေ စဥ်းစား​နေတာလဲ"

"အမ် ဘာမှမဟုတ်ပါဘူး အဲ့တာ ငယ်ငယ်က အိပ်မက်ပါဗျာ အ​ရေမရ အဖတ်မရ​တွေ..." ​

​ဟုပြော​နေ​​သော ကမ္ဘာ့ရဲ့ စကားသံ​တွေထဲမှာ နာကျင်မှု​တွေပါ​နေတယ်လို့ အာဏာထင်မိသည်.. သူပဲ ထင်​​ယောင်ထင်မှားဖြစ်​နေတာလား​တော့မသိ..

"ဟုတ်ပါပြီကွာ... ​နောက်​နေ့ ငါ ထပ်ဆက်သွယ်လိုက်မယ်.. အခု စခန်းပြန်ရ​တော့မယ်ကွ..

"ဟုတ်ကဲ့ပါ ခများကလည်း ကျွန်​​တော်နဲ့ အခုမှပြန်​တွေ့ရတာကို အလုပ်ပဲ အာရုံစိုက်​နေ..."
ဆိုပြီး ဆူပုတ်ပြီး ​ပြော​နေ​သော ​ကောင်​လေး​ကြောင့် ဆံပင်​​လေး​တွေကြားထဲ လက်ထည့်ကာ ဖွလိုက်ပြီး..

"​နောက် အကြာကြီး အချိန်​ပေးပါ့မယ်ကွာ. အခုက လုပ်စရာ အလုပ်​လေးရှိ​နေလို့ပါ..."

"ဟုတ်ပါပြီ သွားပါဗျာ.."
ကမ္ဘာ့အား တာ့တာပြကာ ထွက်သွား​သော အာဏာ့ရဲ့ ​ကျောပြင်ကို ကြည့်ကာ နာကျင်စွာ ပြုံးလိုက်ပြီးးး.

"​နောက် ​ကျောခိုင်းမယ့် သူက ကျွန်​​တော်ပဲ ဖြစ်ချင်တယ် အာဏာ..."

.....................

​နောက်​နေ့​တွေလဲ သူတို့နှစ်​ယောက် သွားအတူလာအတူ နဲ့ ​ပျော်ရွှင်​​နေခဲ့ကြသည်.. သူတို့ရဲ့ တစ်​ယောက်ပေါ်တစ်​ယောက်ထားတဲ့ ခံစားချက်​တွေက​တော့ မ​ပြောတာ​တောင် သိ​နေကြတာမို့ အထူးတလည်မ​ပြောဖြစ်ကြ....
.......................

Difference Between Us (Completed)Where stories live. Discover now