စခန်းနားက ကော်ဖီဆိုင်ပဲ ခေါ်လာခဲ့ရသည်..
"ဒီ နှစ် ၂၀ လုံး မင်းဘယ်တွေရောက်နေတာလဲ ကမ္ဘာ"
"အဲ့ဒါ ကျွန်တော် အာဏာကို ပြောပြလို့ရတဲ့ အချိန်ကျရင် အကုန်ပြောပြမှာပါ.. အခုတော့ ကျွန်တော်တို့ အရင်လို ပြန်နေရအောင်လေနော်.. ကျွန်တော့ အာဏာကို အရမ်းတွေ့ချင်နေတာဗျ.. ကျွန်တော် နိုင်ငံခြားက ပြန်ရောက်ရောက်ချင်း အာဏာသတင်းကြားတာနဲ့ လာတွေ့တာ..."
"ဘာသတင်းကြားတာတုန်းကွ.."
"သြော် လူဆိုးဖမ်းတဲ့နေရာမှာ ပြိုင်စံရှား ရဲမှူး အာဏာမင်းစက် သတင်းပေါ့"
"ဟား..ဟားးး.အဲ့လောက်လဲမဟုတ်ပါဘူးကွာ.. ငါလည်း မင်းကို တွေ့ချင်နေတာပဲ မင်းက ငါ့ကို စာမလာ သတင်းမကြားနဲ့ ပစ်ထားခဲ့တာလေကွာ..."
"Sry ပါ အာဏာ ကျွန်တော်လည်း ရုတ်တရက်ကြီးဖြစ်သွားလို့ပါ.."
"အင်းပါ.. ထားလိုက်ပါတော့ ဒါနဲ့ မင်းအခု ဘာတွေလုပ်နေလဲ.."
"ဒီလိုပါပဲ"
"ဟ.. ဘာဒီလိုပါပဲလဲ မင်း အရမ်းသဘောကျတဲ့ ပန်းချီ ဆရာမဖြစ်ချင်တော့ဘူးလား..." အာဏာရဲ့ အမေးကြောင့်.. ကမ္ဘာ စိတ်ထဲကနေပြောလိုက်မိသည်..
"ကျွန်တော့်ရဲ့ လက်တွေက ပန်းချီဆွဲဖို့မဟုတ်တော့ဘူး အာဏာရဲ့ လူသတ်ဖို့ဖြစ်နေပြီဗျ ဟက်ဟက်.."
"ကမ္ဘာ.. ကမ္ဘာ ငါမေးတာကြားလား ဘာတွေ စဉ်းစားနေတာလဲ"
"အမ် ဘာမှမဟုတ်ပါဘူး အဲ့တာ ငယ်ငယ်က အိပ်မက်ပါဗျာ အရေမရ အဖတ်မရတွေ..."
ဟုပြောနေသော ကမ္ဘာ့ရဲ့ စကားသံတွေထဲမှာ နာကျင်မှုတွေပါနေတယ်လို့ အာဏာထင်မိသည်.. သူပဲ ထင်ယောင်ထင်မှားဖြစ်နေတာလားတော့မသိ..
"ဟုတ်ပါပြီကွာ... နောက်နေ့ ငါ ထပ်ဆက်သွယ်လိုက်မယ်.. အခု စခန်းပြန်ရတော့မယ်ကွ..
"ဟုတ်ကဲ့ပါ ခများကလည်း ကျွန်တော်နဲ့ အခုမှပြန်တွေ့ရတာကို အလုပ်ပဲ အာရုံစိုက်နေ..."
ဆိုပြီး ဆူပုတ်ပြီး ပြောနေသော ကောင်လေးကြောင့် ဆံပင်လေးတွေကြားထဲ လက်ထည့်ကာ ဖွလိုက်ပြီး.."နောက် အကြာကြီး အချိန်ပေးပါ့မယ်ကွာ. အခုက လုပ်စရာ အလုပ်လေးရှိနေလို့ပါ..."
"ဟုတ်ပါပြီ သွားပါဗျာ.."
ကမ္ဘာ့အား တာ့တာပြကာ ထွက်သွားသော အာဏာ့ရဲ့ ကျောပြင်ကို ကြည့်ကာ နာကျင်စွာ ပြုံးလိုက်ပြီးးး."နောက် ကျောခိုင်းမယ့် သူက ကျွန်တော်ပဲ ဖြစ်ချင်တယ် အာဏာ..."
.....................
နောက်နေ့တွေလဲ သူတို့နှစ်ယောက် သွားအတူလာအတူ နဲ့ ပျော်ရွှင်နေခဲ့ကြသည်.. သူတို့ရဲ့ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ ခံစားချက်တွေကတော့ မပြောတာတောင် သိနေကြတာမို့ အထူးတလည်မပြောဖြစ်ကြ....
.......................

KAMU SEDANG MEMBACA
Difference Between Us (Completed)
Cerita Pendekမတူညီသော ငါ့တို့နှစ်ယောက်ရဲ့ ကြမ္မာ