DBUs - 4 Final (Unicode)

19 3 0
                                    

အာဏာတစ်​ယောက်လည်း အလုပ်တစ်ခုပိုလာ​လေသည်.. သူငယ်ချင်းကို အကူအညီ​တောင်းကာ စက်ဘီးစီးသင်ခိုင်းရသည်.. စက်ဘီးစီးသင်​နေ၍ ကမ္ဘာနဲ့ မ​ဆော့ဖြစ်သည်မှ ၁ပတ်​လောက်ရှိ​နေပြီဖြစ်သည်..

"ဟူး ဟိုတစ်​ခေါက် ​ဖေ​ဖေသင်ခိုင်းထဲက သင်လိုက်ရမှာကို..."

ဒါ​ပေမယ့်လည်း သူအခု ကျွမ်းကျွမ်းကျင်ကျင်စီးတတ်​နေပြီမို့ စက်ဘီးယူကာ ကမ္ဘာ့ အိမ်​ရှေ့သွား​တော့ ခြံထဲက ဒန်း​ပေါ်မှာ အ​တွေးထဲနစ်​မြော​နေ​သော က​လေးစုတ်.. ဒီအရွယ်​လေးက ဘာ​တွေ ဒီ​လောက်​တောင်​တွေး​နေပါလိမ့်.. သူစက်ဘီးဘဲလ်​လေးကို တီးလိုက်​တော့....
လန့်ကာ လှည့်ကြည့်ပြီး.. မျက်နှာကြီးစူပုတ်ကာ တံခါးနား​ရောက်လာပြီး..

"ဘူသူလဲ"

"အယ် ကမ္ဘာ​လေး ကိုကို့ကို စိတ်​ကောက်​နေတာလား.."

"မ​ကောက်ပါဘူး ဘာရို့​ကောက်ရမှာလဲ"

"စိတ်​​ကောက်​နေတာကို.. စိတ်မ​ကောက်ပါနဲ့ကွာ ဒီမှာ ကိုကို မင်းအတွက် စပရိုက်ကြီးကြီးပါတယ်" ဆို​တော့ မျက်လုံး​လေး လက်သွားကာ လှမ်းကြည့်​လေသည်..

"​မေ​မေ့ကို​ပြောပြီး တံခါးဖြင့်ခိုင်းရိုက်ဦးမယ် ခန​စောင့်"
ဆိုကာ အိမ်ထဲ​ပြေးဝင်သွားတာ​ကြောင့် အာဏာ ဟက်ဟက်ပတ်ပတ်ရယ်မိ​တော့သည်..

ခန​နေ​တော့ သူ့အ​မေလက်ဆွဲကာ

"​မေ​မေ တံခါးဖြင့်​​ပေး"

"ဟုတ်ပါပြီရှင်.. ဖွင့်​ပေးပါ့မယ်.."

"အာဏာ​လေး ဒီရက်ပိုင်းဘယ်​တွေ​ပျောက်​နေတာလဲကွယ် အိမ်မှာမင်းညီက ထမင်း​တောင် ​ချော့​​ကျွေး​နေရတယ် မင်းနဲ့မ​ဆော့ရလို့တဲ့"

"ဟီး.. ကျွန်​တော့ စက်ဘီးစီးသင်​နေလို့ပါ.. ကမ္ဘာက စီးချင်တယ်ဆိုလို့ "

"ဒါ​ကြောင့်ကို.. ခုလည်း ဖြည်းဖြည်းစီးသွားဦး​​နော်"

"ဟုတ် စိတ်ချပါအန်တီ.."

ကမ္ဘာကို အန်တီက စက်ဘီး​နောက်ခုန်​ပေါ်တင်​ပေးကာ

"သား ကိုကို့​ခါးကို ​သေချာဖက်ထား​​နော်"

"ဟုတ်​မေ​မေ...အာနာ.. ​မောင်း​တော့​ရေ ချီးချင်​နေပြီ"

"ဟုတ်ပါပြီ ကဲ 123 စထွက်ပါပြီးး.."

"​ရေးးးးးးခ်ခ်ခ်ခ်"

သာယာတဲ့ည​နေခင်း​လေးဟာဆိုရင်ဖြင့် ကမ္ဘာရဲ့ ရယ်သံ​လေး​တွေ​နဲ့ ဖုံးလွှမ်း​​နေ​လေသည်..

သူတို့ အဲ့လိုပဲ ​ဆော့လိုက် စိတ်​ကောက်လိုက်နဲ့ ​နေလာကြတာ ကမ္ဘာ​တောင် ၆ နှစ် ဖြစ်​နေပြီး ​ကျောင်း​တောင်​တက်​နေရပြီဖြစ်သည်...

တစ်​နေ့ ည​နေခင်းတွင် ကမ္ဘာနဲ့ အာဏာ စက်ဘီးစီးပြီး ကမ္ဘာအိမ်​ပြန်​ရောက်တော့...

အားလုံးက ဧည့်ခန်းးထဲတွင် ထိုင်​ကာ ငိုင်​​နေကြ​လေသည်..
ကိုကိုက ကမ္ဘာ့ကိုမြင်တာနဲ့ ကမ္ဘာဆီလာကာ...

Difference Between Us (Completed)Tempat cerita menjadi hidup. Temukan sekarang