Chapter - 80

3.9K 711 26
                                    

Unicode

ရာသီစာသစ်သီးဗန်း
_____________

လင်ရှုယီမှာ အခုထိနည်းနည်းရှက်နေသေးပြီး နေ့ခင်းအထိ သူ့ကိုယ်သူစောင်ပုံထဲမြှုပ်ထားတော့မည်ဟုတွေးလိုက်မိ၏။ နှစ်တစ်နှစ်ရဲ့နောက်ဆုံးရက်ကို သူက ဘယ်လိုလုပ်ပြီး ဒီကိစ္စလေးကြောင့်နဲ့ အိပ်ရာထဲမှာဖြုန်းပစ်လိုက်နိုင်မှာလဲ? လင်ရှုယီမှာ ဘာကြောင့်မှန်းမသိပါဘဲ ဤသည်ကို မကျေမချမ်းဖြစ်လို့နေသည်။

တကယ်တော့ ဒါက သခင်ကြီးရှန်နဲ့တခြားလူတွေရဲ့စိတ်ထဲမှာ သူတို့ဟိုးတုန်းတည်းကလုပ်ပြီးသွားခဲ့ပြီးတဲ့ကိစ္စမှန်းသာ သူသိခဲ့ပါက ဒီလောက်ကြီးရှက်မနေလောက်တော့ပေ။

မွန်းတည့်ချိန်မှာတော့ မေမေရှန်မှာ တံခါးမခေါက်ဘဲမနေနိုင်တော့ချေ။

သူမတို့တွေအားလုံးက ခေတ်မီတဲ့မိဘတွေဖြစ်ပြီး ဒီကိစ္စကို ရှက်နေစရာမလိုကြောင်း သူမက လင်ရှုယီကိုပြောပြချင်ခဲ့တာဖြစ်သည်။ ဒါ့အပြင် ဒီကိစ္စကို တစ်ယောက်တည်းထောက်ခံနေသည့်မေမေရှန်မှာ သူမက ထောင့်နားကနေ တိတ်တိတ်ကလေးခိုးနားထောင်နေခဲ့သည်ကို ဘယ်တော့မှပြောလိမ့်မည်မဟုတ်ချေ၊ သို့သော်ငြား နံရံရဲ့အသံကာနိုင်စွမ်းက ကောင်းလွန်းတာမို့ သူမ ဘာကိုမှမကြားခဲ့ရပါချေ။  နောက်ဆုံးတွင်တော့ သူမရဲ့အပြုအမူတွေကြောင့် ကျွဲမြီးတိုနေတဲ့ဖေဖေရှန်က သူမကို အခန်းထဲပြန်ခေါ်သွားပါလေ၏။

"ဒေါက်၊ ဒေါက်၊ ရှောင်ယီ အထဲမှာရှိလား?"

မေမေရှန့်အသံက အခန်းထဲ ရုတ်ချည်းပင်ဝင်ရောက်လာခဲ့သည်။ ကုတင်ထက်မှာ ထပ်လျက်လဲလျောင်းနေသည့်ပုံရိပ်နှစ်ခုမှာ ရုတ်တရက်ပင်ရပ်တန့်သွားခဲ့၏။ လင်ရှုယီရဲ့မျက်နှာက နီရဲသွားပြီး သူက ရှန်ဖူ့ကိုတွန်းဖယ်လိုက်ကာ ရှန်ဖူ့ကြောင့်ဖရိုဖရဲဖြစ်နေတဲ့သူ့အဝတ်တွေကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ကမန်းကတန်းပြန်လုပ်သည်။ ထို့နောက် သူက ရှန်ဖူ့ကို ခက်ထန်ကာချစ်စရာကောင်းလှပြီးမာန်ဝင့်နေတဲ့အကြည့်နဲ့ တံခါးဖွင့်ဖို့ အချက်ပြသည်။

ရှန်ဖူက အတော်လေးနာသွားရတဲ့သူ့တင်ပါးတွေကိုပွတ်ကာ နာကျင်မှုကြောင့်မျက်နှာမဲ့နေရင်း တံခါးဖွင့်၏။ ကျွန်တော်ပြောပါဦးမယ်၊ ချစ်မေမေရေ၊ အမေ ဘယ်အချိန်မဆိုလာလို့ရတာကို ဒီအချိန်ကိုမှရွေးပြီးလာရလားလို့။ သူ ဘာတို့ဖူးကိုမှတောင်မစားလိုက်ရဘူး၊ ပြီးတော့ သူ့တင်ပါးက အပိုင်းရှစ်ပိုင်းအထိ ကျိုးတော့မလိုပဲ!

I'm a Chef in the Modern Era [Myanmar Translation]Where stories live. Discover now