~I don't want to hurt you. You deserve better. You have my heart that's all I can give you~
"မင်းဘာလို့ငါ့ကိုနမ်းခဲ့တာလဲ"
ရည်မွန်အိမ်ပြန်ရောက်ကတည်းက ချေမိုးဘာအတွက်ကြောင့် သူ့ကိုဒီလိုလုပ်ခဲ့လဲလို့ စဥ်းစားပေမယ့် ဘာအဖြေကိုမှ သူစဥ်းစားလို့မရခဲ့ဘူး။ သူ့ကိုလစ်လျူရှုခဲ့ပြီး ချောဆီသွားခဲ့တာလည်း ချေမိုးပဲ။ အဲဒီနေ့ကသာ ချေမိုးသူ့စကားကိုနားထောင်ခဲ့မယ်ဆိုရင် ဒီလိုကိစ္စမျိုးတွေရှိလာမှာမဟုတ်ဘူး။ တိကျတဲ့အဖြေတစ်ခုကို သူရနေခဲ့လောက်ပြီ။ မျှော်လင့်ချက်မထားတော့တဲ့သူ့ကို ဘာကြောင့်ချေမိုးကထပ်ပြီး မျှော်လင့်ချက်ပေးချင်နေရတာလဲ။ ချောကိုလည်း လက်ခံစဥ်းစားပေးမယ်လို့ပြောထားပြီးတော့ သူ့အပေါ်ဘာလို့ ဒီလိုအပြုအမူလုပ်ရက်ရတာလဲ။ ရည်မွန်အတွေးတွေများလွန်းလို့ ခေါင်းတွေကွဲထွက်တော့မတတ် ခံစားနေရသည်။
"မင်းငါ့ကိုဘာလို့ဒီလိုလုပ်ခဲ့တာလဲ"
"ငါမသိဘူး"
"မင်းဘာကိုဆိုလိုတာလဲ။ ဘာကိုမသိတာလဲ"
လုပ်ချင်တာလုပ်ခဲ့ပြီးမှ မသိဘူးဆိုတဲ့စကားတစ်ခွန်းထဲနဲ့တော့ ရည်မွန်မတင်းတိမ်နိုင်ဘူး။
"မင်းကိုဒီတိုင်းလေးပဲ ငါ့အနားမှာရှိစေချင်တယ်။ ပြီးတော့ ဖြစ်နိုင်ရင် ငါ့တစ်ယောက်တည်းကိုပဲ ကြည့်နေစေချင်တယ်'မွန်း'"
"မင်းပြောတဲ့စကားက ဘယ်အဓိပ္ပါယ်ထိရောက်သွားလဲဆိုတာသိလား"
"ငါမသိတော့ဘူး။ သိလည်းမသိချင်ဘူး။ ငါ့ကိုနားလည်ပေးလို့မရဘူးလား"
ချေမိုးရဲ့စိတ်ထဲ ဘာတွေတွေးနေတယ် ၊ ဘာတွေမြိုသိမ့်ထားတယ်ဆိုတာ သူမသိတော့ဘူး။ သူ့ကိုပြောပြဖို့လည်း ချေမိုးကရွေးချယ်မှာမဟုတ်တော့ သူတို့နှစ်ယောက်က ဘယ်လိုရှေ့ဆက်လို့ရမှာလဲ။ သူတို့နှစ်ယောက်ထဲက တစ်ယောက်ယောက်ကတော့ ပွင့်လင်းသင့်နေပြီလို့ ရည်မွန်တွေးသည်။
"မင်းငါ့ကို တစ်ကယ်တစ်ခြားပြောစရာစကား မရှိတာလား"
ချေမိုးအသံတိတ်နေခဲ့သည်။ ဖုန်းထဲကအသံမှာ ကြားနေရတာက အသံရှုသံသဲ့သဲ့လေးသာ။
ВЫ ЧИТАЕТЕ
Rain💛Moon (Completed)
Любовные романы"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...