" အင်းးအင်းးး ချန်ဒရာဗက်ကာဆိုနိုဗီ
တယ်လဲ အငြိုးကြီးပါလား "Win - " ဗျာ ဘယ်သူလဲ အဖွား အဲဒါက "
" သူက လွန်ခဲ့တဲ့နှစ်ပေါင်း တစ်ထောင်ကျော်က ဒီမြို့ကို မင်းလုပ်အုပ်ချုပ်ခဲ့တဲ့
ဘုရင်မတစ်ပါးပေါ့ "" တစ်နေ့ သူ့ကို မနာလိုသူတစ်ချို့ရဲ့အကြံအစည်နဲ့ မုဒိမ်းကောင် တွေကို ဌားပြီး လူမဆန်စွာ သားမယားပြုကျင့်စေခဲ့တယ်
သူလဲ ဒီအမုန်းအငြိုးနဲ့ သေသွားပြီး
ဆွေတော်တွေ မျိုးတော်တွေ အမျှဝေ
ပေးတာတောင် မယူဘဲ
သူ့ကိုယ်သူ နာနာဘာဝ ပရလောက နယ်ပယ်မှာပဲ သူ့ဝိဉာည်ကို သူ့ဘာသာသူအကျဉ်းချထားခဲ့လိုက်တယ် "" သူ့အပေါ် ယုတ်မာကောက်ကျစ်ကြတဲ့ သူတွေထဲမှာ ယောကျာ်းလေးရော မိန်းကလေးရော ပါနေတဲ့အတွက် ဒီတောထဲကို လာတဲ့ ဘယ်လူမျိုးမဆို သူကအလွတ်မပေးဘူး
နဂိုကတည်းက အတ္တ မာန အငြိုးကြီးတဲ့လူဆိုတော့ အဖွားတို့လဲ တစ်ဆင့်စကားတဆင့်နား လက်ဆင့်ကမ်း လာကြလို့
အခုလိုပြောပြနိုင်တာ "Bright - " အဲတာ သူ့အပိုင်းလေ ကျွန်တော်တို့က သူ့အပေါ်ဘာအပြစ်မှ မလုပ်ထားဘူး
ကျွန်တော်တို့ သူငယ်ချင်းတွေ ဒီကို ပြန်မလာနိုင်တော့ဘူးလား ပြန်လာဖို့ ဘယ်လိုလုပ်
ရမလဲ အဖွား ပြောပေးပါလား ကျွန်တော်တို့ကို ကူညီပါ အဖွား ရဲ့ကျေးဇူးကို မမေ့ပါဘူး "" အင်းး နည်းလမ်းတစ်ခုတော့ရှိတယ် အရမ်းအန္တရယ်များလို့ ဘယ်သူမှ သိပ်ပြီး
မစမ်းရဲကြဘူး "Win - "ဘာ ဘာ နည်းလမ်းလဲ
ပြောပြပါလား ""မင်းတို့နှစ်ယောက်က အိပ်မွေ့ချတဲ့နည်းကို
သုံးပြီး စိတ်နယ်လွန် တဲ့ပုံစံနဲ့ ပရလောကဘုံထဲကို ဝင်ပြီး သွားခေါ်ရမယ်
မင်းတို့သူငယ်ချင်းတွေကို ""ပျောက်ချင်းမလှ ပျောက်ပြီး သူတို့လောကထဲ ရောက်သွားတဲ့သူတိုင်း အရင်ဘဝကအကြောင်းကိုမေ့ပြီး အဲမှာပဲ ပျော်မွေ့နေတော့ သူတို့ကို သွားခေါ်မယ့်သူ မရှိမချင်း သူတို့ ပြန်လာလို့မရဘူး
အချိန်ကြာလာတော့ ဒီနေရာပဲ သူတို့ရဲ့ ထာဝရ နေရာ သူတို့ အိမ် သူတို့ဘုံဌာန လို့မှတ်ယူသွားပြီး လွင့်မျောနေတဲ့ဝိဉာည်ဘဝ
ကနေ လူ့ဘဝတုန်းက ခန္ဓာကိုယ်ကို စွန့်ပြီး တစ္ဆေသရဲဘဝနဲ့ နေသွားကြတယ်"
YOU ARE READING
မရဏတော
Fanfictionကမ္ဘောဒီးယားနိုင်ငံရဲ့ ကျိန်စာသင့်ပျောက်ဆုံးနေသောမြို့ဟောင်းထဲကို အလည်ပတ်ရောက်ရှိသွားတဲ့ ထိုင်းနိုင်ငံမှ လူငယ်တစ်စု တောထဲမှာ ဘာတွေကြုံတွေ့ပြီး ဘာဆက်ဖြစ်မလဲဆိုတာ