(16)

772 150 29
                                    

(Unicode)








နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတဲ့ကျွန်တော့်ကို နိုးစက်သံက စိတ်အနှောက်အယှက်ပေးနေတယ်။မျက်လုံးတောင် မဖွင့်နိုင်တဲ့အထိ ဖြစ်နေတာမို့ စောင်ကို ခေါင်းမူးဆွဲခြုံလိုက်ပြီး ခန္တာကိုယ်ကို တစ်ဖက်ကိုစောင်းလိုက်တယ်။

"ဆယ်ဟွန်း..ပိတ်လိုက်ဦး နိုးစက်ကို"

အချိန်အတော်ကြာသွားတဲ့အထိ တုန့်ပြန်မှုရောက်မလာသလို နိုးစက်သံကလည်း မြည်နေဆဲမို့ ကျွန်တော် ဆွဲခြုံထားတဲ့စောင်ကိုဖယ်လိုက်ပြီး ကျွန်တော့်ဘေးကို ကြည့်လိုက်တယ်။အရင်က Oh Sehun အိပ်နေကျနေရာဟာ အခုတော့ ဗလာကျင်းလျက်။

ကျွန်တော် ငူငိုင်နေမိပြီးမှ အလိုမကျစွာနဲ့ နိုးစက်ကိုကြမ်းတမ်းစွာ ရိုက်ပိတ်လိုက်တယ်။ဘယ်ရောက်သွားတာလဲသူက။မနက်စောစောစီးစီး စိတ်က မကြည်မလင်ဖြစ်လာကာ ဆက်အိပ်ချင်စိတ်လဲမရှိတော့။

ဒီခံစားချက်က ဘာနဲ့တူလည်းဆိုရင် မနက်ခင်းမှာကော်ဖီသောက်လေ့ရှိတဲ့သူက ကော်ဖီမသောက်ရလို့ စိတ်အလိုမကျဖြစ်နေသလိုမျိုးပဲ။မနက်ခင်းတိုင်း သူ့ကိုမြင်နေရာကနေ အခုမမြင်ရတော့ စိတ်ထဲနေလို့ထိုင်လို့ မကောင်းဘူး

လူပျောက်ရှာဖို့ကို စိတ်အားသန်နေတာမို့ မျက်နှာတောင်မသစ်နိုင်ပဲ အခန်းထဲကထွက်လာတဲ့အခါ မီးဖိုချောင်ဆီက ဒုန်းဒုန်းဒိုင်းဒိုင်းအသံတွေ ထွက်လာတယ်။ဘေစင်မှာ အလုပ်ရှုပ်နေတဲ့နောက်ကြောပြင်ကို ကြည့်ပြီး ကျွန်တော့်မျက်ရိုးတွေ ထိုးကိုက်လာတယ်။

ဘာတွေဘယ်လို စိတ်ကူးပေါက်ပြီး မီးဖိုချောင်ဝင်နေသလဲမသိပေမယ့် မီးဖိုချောင်တစ်ခုလုံး ကြက်မွှေးတွေနဲ့ ပြည့်နေပြီ။ကြက်ခြံရောက်နေသလိုပဲ။

"အိုဆယ်ဟွန်း!မင်း ဘာလုပ်နေတာလဲ"

"Jongin!အမြန်လာကူပါဦး"

အလျင်လိုနေတဲ့ သူ့အသံကြောင့် ဆူဖို့ရည်ရွယ်ထားတဲ့စကားတွေက အလိုလိုပျောက်ကွယ်သွားပြီး ကျွန်တော် သူ့အနား အမြန်ပြေးသွားလိုက်တယ်။

"ဟေးးshitt!!Oh Sehun!!"

ကြက်က အရှင်ကြီး!အရှင်ကြီးကို အမွှေးနှုတ်နေတယ်။လည်ပင်းအညစ်ခံထားရတဲ့ကြက်ဟာ မျက်လုံးပြူးလျက်ကြီးနဲ့ ဟိုတစ်ကွက်ဒီတစ်ကွက် အမွှေးတွေကျွတ်လို့...

Friend Zone's Benefits(Z+U)Where stories live. Discover now