[Unicode]
" နောက်ဆုံးတော့ အရိပ်ကလေး အပြင်ထွက်ပြီပေါ့ "
နှစ်ရက်လောက် တစ်နေရာထဲတွင် ရပ်တန့်နေခဲ့တဲ့ မြေပုံပေါ်က အနီရောင်အစက်ကလေး ယနေ့မနက်တွင်တော့ စတင်ရွေ့လျားလာတာမို့ ချန်ယောလ် အိပ်နေရာမှ ထပြီး ခပ်သုတ်သုတ်ပင်ရေချိုးပြင်ဆင်၍ အိမ်မှ ထွက်လိုက်သည်။
" ပတ်ခ်ချန်ယောလ် ... မင်း ဒီလိုပဲ အလေလိုက်နေတော့မှာလား ... အလုပ်တွေ ဘာတွေ ရှာဖို့ စိတ်ကူးမရှိဘူးလား "
ကားတံခါးဖွင့်နေတဲ့ ချန်ယောလ်ကို ခြံထဲက နားနေခုံပေါ်တွင် သတင်းစာ ထိုင်ဖတ်နေတဲ့ ဖေဖေက လှမ်းဆူလေသည်။
" ကျွန်တော်အခု အလုပ်ရှာဖို့ သွားနေတာ ဖေဖေ ... ရရင် ကျွန်တော် လိုက်သွားတော့မှာ ... လာတော့ နှုတ်ဆက်မှာမို့ စိတ်မပူနဲ့ ... သွားပြီနော် "
ချန်ယောလ် ဖေဖေ့ကို မဟုတ်တာတွေ ပြောပြီး ကားပေါ်တက်၍ ထွက်လာခဲ့လိုက်သည်။
" ဟမ် ! မိဘမဲ့ဂေဟာ ! "
ကားရပ်လိုက်တဲ့နေရာ တစ်နည်းဆိုရလျှင် အရိပ်ကလေး လာတဲ့နေရာက မိဘမဲ့ဂေဟာဖြစ်နေတာမို့ ချန်ယောလ် အံ့ဩသွားရ၏။
အရိပ်ကလေးက ဒီကို ဘာလာလုပ်တာပါလိမ့်။
ချန်ယောလ်တွေးရင် ကားပေါ်က ဆင်းလိုက်လျှင် မနက်ခင်း နေရောင်ခြည်နွေးနွေးအောက်၌ သစ်ရိပ်ဝါးရိပ်များနှင့် ကျေးငှက်ကလေးတို့၏ တွန့်ကျူးနေကြသော အသံများကြား အေးချမ်းစွာရှိနေတဲ့ ဂေဟာလေးကိုတွေ့လိုက်ရသည်။
သတော်လေးကို အေးချမ်းတဲ့ နေရာလေးပဲ။ အရိပ်ကလေးကရော ဒီအေးချမ်းတဲ့နေရာလေးရဲ့ ဘယ်အစိတ်အပိုင်းမှာရှိနေတာလဲ။
ဖုန်းဖွင့်ကြည့်လျှင် ရပါသော်လည်း ကိုယ်တိုင်သာ ရှာချင်စိတ်ကြောင့် ချန်ယောလ်ရှေ့တွင် မြင်နေရတဲ့ နှစ်ထပ်တိုက် ဂေဟာလေးဆီသို့ လျှောက်သွားလိုက်သည်။
စာသင်ချိန်ဖြစ်၍ထင် ဂေဟာနားသို့ နီးလာလေ ကလေးများ၏ ညီညီညာညာ စာရွတ်ဆိုသံများက ပိုပြီး ပြတ်ပြတ်သားသားကြားရလေ ဖြစ်နေပါသည်။