42[U&Z]

4.6K 570 19
                                    

[Unicode]

ဟော်ပေ့ချန်ကတော့ ခွက်တစ်ခွက်ကိုင်ထားပြီး ပြတင်းမှန်နားတွင် ရပ်နေတုန်းဖြစ်လေသည်။ သူ့ဘေးနားမှာ လက်ဖက်ရည်အိုး တင်ထားသော စားပွဲရှိသလို လက်ဖက်ရည်ရဲ့ သင်းရနံ့ကလည်း တစ်ခန်းလုံး လွှမ်းခြုံလို့နေ၏။ နင်မုန့် သူ့ဆီသို့ ဂရုတစိုက် ဝင်လာပြီးနောက် ခြေလှမ်း ငါးလှမ်းလောက်အကွာတွင် ရပ်လိုက်လေသည်။

"ဘာကိစ္စရှိလို့လဲဟင်"

ရုတ်တရက်ပင် ဟော်ပေ့ချန်က သူမဆီသို့ ရန်လိုနေသည့် ပုံစံဖြင့် လမ်းလျှောက်လာတာမို့ သူမ အနောက်သို့ ‌အနည်းငယ် ဆုတ်မိသွားသည်။

"အကုန်လုံးက ကျွန်မရဲ့ အမှားပါ! ကျွန်မ အခုပဲ ရေသွားချိုးလိုက်ပါ့မယ်!"

ဟော်ပေ့ချန် ဇဝေဇဝါဖြစ်သွားပြီး ခြေလှမ်းတို့ကလည်း ရပ်သွားသည်။

"ကျွန်မရဲ့ ခန္ဓာကိုယ်ကို ခပ်ကြမ်းကြမ်းလေး ဆေးကြောလိုက်ပါ့မယ်! ၁၀ကြိမ်လောက် scrubနဲ့တိုက်လိုက်ရမလား ဒါမှမဟုတ် အကြိမ်၁၀၀လောက်"

ထိုသို့ ကြားလိုက်တဲ့အခါ ဟော်ပေ့ချန် မျက်မှောင်ကြုပ်မိသွားသည်။

"ဒီကိုလာခဲ့" သူမကို ကြည့်ရင်းမှ ဟော်ပေ့ချန် ပြောလိုက်သည်။ ပြီးနောက်မှာတော့ သူ့စားပွဲဆီသို့ ပြန်သွားလိုက်လေ၏။

ဟော်ပေ့ချန်က သူမကို ဘာလို့ စားပွဲနားမှာ မေးချင်တာလဲဆိုတာ နင်မုန့် သိချင်လာသည်။ TVဇာတ်လမ်း‌တွဲတွေထဲကလို စားပွဲအံဆွဲထဲက သေနတ်ကို ထုတ်လိုက်ပြီး ဟော်ပေ့ချန်က သူမခေါင်းကို ချိန်ပစ်မည့်ပုံစံကို ပုံဖော်မိသွား၏။

နင်မုန့် ပိုတွေးလေ ပိုကြောက်လာသည်။ သို့ပေမယ့်လည်း သူ့ဆန္ဒကို သူမ အနေနဲ့ မဆန့်ကျင်ရဲပေ။ သူမ လုပ်နိုင်တဲ့ အရာအားလုံးကား ငိုပြီး တောင်းပန်ယုံသာ ဖြစ်၏။

"ယောက်ျား ကျွန်မရဲ့idolလေး ကျွန်မကို ခွင့်လွှတ်ပေးလို့ ရမလားဟင်။ ရှင်က အကြင်နာတရားကြီးမားတဲ့ လူကြီးတစ်ယောက်ပါ! ကျွန်မအတွက် စဉ်စားပေးပါနော်..." သူမ ငိုတော့၏။

ရုတ်တရက် သူမကို ဟော်ပေ့ချန်က ခေါ်လိုက်သည်ကို ကြားလိုက်ရသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Onde histórias criam vida. Descubra agora