Ep17~Be honest of your love~

1.5K 88 5
                                    

~Just be honest with him or stay away from him. Now I want to be honest with him because I love him~

"တိုက်တိုက်ဆိုင်ဆိုင် ဆုံဖြစ်တယ်နော်"

သူနဲ့တစ်ခုံကျော်ဖြစ်နေတဲ့ချောက သူ့ကိုစကားလှမ်းပြောလာသည်။ သူလည်း ချောကိုခေါင်းညိမ့်ပြလိုက်ပြီး စကားစပြတ်သွားသည်။

"ချေမိုး... နင်ဘာလို့ရည်မွန်ကိုမနှုတ်ဆက်တာလဲ"

"ဒီအတိုင်း"

"ဘာကိုဒီအတိုင်းလဲ"

"စနေပြီ။ တိတ်တိတ်နေတော့"

ချေမိုးနဲ့ရည်မွန်အခြေအနေကို အကဲခတ်မိနေတဲ့ချောက နည်းနည်းတော့ထူးနေတာကိုvသတိထားမိသည်။ ပုံမှန်ဆို စကားနည်းတဲ့ချေမိုးတောင် ရည်မွန်ရှေ့မှာဆိုရင် စကားများနေတတ်ပြီး ပုံစံပြောင်းနေတတ်ပေမယ့် ဒီနေ့ကတော့ မဟုတ်ခဲ့ဘူး။ ချေမိုးတစ်ယောက်ထဲလားဆိုတော့လည်း မဟုတ်ဘူး။ ချေမိုးနဲ့ဆိုတော်တော်ခင်နေပုံရတဲ့ရည်မွန်က အခု​တော့ ချေမိုးဒီကိုရောက်လာကတည်းက စကားမပြောဖြစ်ကြသေးတာတောင်မဟုတ်ဘဲ နှုတ်တောင်မဆက်ကြဘူး။ လောလောဆယ် ရုပ်ရှင်ကလည်းစနေပြီမို့ ရုပ်ရှင်ကိုပဲ သူအာရုံစိုက်လိုက်တော့သည်။

"ဘာလို့ဒီလောက်ထိအေးနေရတာလဲ"

ဇာတ်ကားတစ်ဝက်လောက်ရောက်နေတဲ့အချိန်ရုပ်ရှင်ရုံမှာရှိတဲ့အအေးဓာတ်ကို သူကြိုးစားအံတုနေရပြီ။ လက်နှစ်ဖက်ကိုမပွတ်ရုံတမယ် တင်းကျပ်စွာဆုပ်ကိုင်ထားပြီး ခြေထောက်လေး​တွေလည်း မသိမသာတလှုပ်လှုပ်ဖြစ်နေသည်။

"အစ်ကိုချမ်းနေလား။ နည်းနည်းအေးတယ်နော်"

"အင်း။ ဟုတ်တယ်"

"ရော့...ဒါလေးခြုံထားအစ်ကို"

"ကျေးဇူးပဲညီလေး"

သူ့ရဲ့အပေါ်ကုတ်ကိုချွတ်ပေးဖို့ကြံရုံရှိသေးတာကို အဲ့ဒီ​ကောင်​​လေးက သူ့ထက်အရင်ဦးသွားသည်။ အကျီချွတ်ဖို့လုပ်နေတဲ့သူ့လက်ကို ချေမိုးပြန်ရုတ်လိုက်သည်။ သူကအမြဲတမ်း ရည်မွန်အတွက်ဆို ခြေတစ်လှမ်းနောက်ကျနေခဲ့မြဲလား။ သူငယ်ချင်းအနေနဲ့သာဆက်သွားရင် သူနောက်ကပဲအမြဲကျန်နေရတော့မှာလား။

Rain💛Moon (Completed)Onde histórias criam vida. Descubra agora