LUCI

147 11 11
                                    

( Pre - present warning!!

Happy Birthday Dear Kefi . Read within the moonlight sonata when you're ready to . )

လူစီ … လှပတဲ့ လူစီ ။

မင်း နဲ့ မင်းဟာ စိတ်ဝမ်းကွဲနေတယ် … သတိထားမိရဲ့လား ။

………

(၁)

ငါတို့အားလုံးမှာ ကိုယ်ပိုင်ကမ္ဘာငယ်လေးတွေ ရှိကြတယ် လူစီ ။ ငါတို့ကိုယ်ငါတို့ ပိတ်လှောင်ထားတတ်တဲ့ အခန်းငယ်လေးတွေပေါ့ ။

မင်းအခန်းထဲကို ငါ မပြင်နိုင်သလို ငါ့အခန်းကိုလည်း မင်း ပြင်ပေးလို့ မရဘူး လူစီ ။

ငါတို့လုပ်နိုင်တာ ငါးမိနစ်စာလောက် လက်ဖက်ရည်သောက် ဖိတ်ခေါ်ဖို့ပဲ ။

ကနေ့ ငါ မင်းကို ဖိတ်ခေါ်တယ် လူစီ … ငါ့အခန်းစီ ကြွခဲ့ပါ ။

ငါ့အခန်းရဲ့ တဖက်ခြမ်းမှာ သောက်လက်စကော်ဖီတခွက်က ငိုက်မြည်းနေတယ် ။ ပျံ့ကျဲနေတဲ့ နေကြာစေ့အခွံတွေဟာ အနီရောင်အမှိုက်ခြင်းလေးကို မျက်စောင်းထိုးနေပြီ ။

အပြာရောင်ကုန်းခြင်ထောင် နဲ့ အိပ်ယာငယ်လေးဟာ တခါမှ မထိခဲ့ဖူးသလို သပ်ယပ်သန့်ရှင်းလို့ ။ ဖတ်လတ်စ စာအုပ်တွေဟာလည်း မှောက်တချို့ လှန်တချို့နဲ့ သူတ်ို့သိသမျှပုံပြင်တွေကို အော်ပြောနေကြတယ် ။

ငါကတော့ ပိတ်ထားတဲ့ ပြတင်းပေါက်နှစ်ချပ်ရှေ့မှာ ငြိမ်ငြိမ်လေးရပ်နေဆဲပဲ ။

………

(၂)

ညာဖက်ပြတင်းပေါက်ကို ဖွင့်လိုက်တာနဲ့ ရှုပ်ထွေးပွေလီတဲ့ မြို့ပြကြီးကို မြင်ရတယ် လူစီ ။  ကားအိတ်ဇောက ထွက်လာတဲ့ ဆီနံ့တွေ… ကတ္တရာလမ်းပေါ်က လောင်ကျွမ်းနေတဲ့ ဖုန်မှုန့်တွေကြားမှာ ပန်းပွင့်လေးတွေ သေဆုံးနေတယ် ။

ငါ့ဆီကို လွင့်လာတဲ့ စက္ကူစတချို့ကို ငါ လှမ်းဖမ်းလိုက်တယ်။
သြော်… နံစော်တဲ့ ဒီပိုက်ဆံတွေဟာ အဖိုးတန်လွန်းနေပါလား ။

တထောင်တန်… ငါးထောင်တန်… တသောင်းတန်… တချို့သော ပိုက်ဆံရွက်တွေမှာဆိုရင် သွေးစတွေတောင် စွန်းပေလို့  ။

မွန်းကြပ်စေတယ် ဖိအားပေးနေတယ် လို့ ခံစားမိတာနဲ့ သံယောဇဉ်ကြိုးတစ်ချောင်းဖြစ်နေပါစေ… ငါ ဖြတ်ချရဲတယ် လူစီ ။

LUCI [Non-Fiction]Where stories live. Discover now