[Unicode]
"ကိုယ့်လက်ကိုတွဲထား ..ကုကီလေး "
တွဲထားလို့သာပြောတာ .. ဂျောင်ကုလက်ကိုယူပြီး သူ့လက်
ကို တွဲလိုက်သော ထယ်ယောင်း ။ရုပ်ကလေးကလည်းလုပ်
ချင်တာလုပ်ရတော့ ပျော်ပြီး ဂုဏ်ဆာနေသည့်ရုပ်လေး
လုပ်နေသည် ။ဂျောင်ကုရုပ်မှာတော့ ခရမ်းသီးမီးဖုတ်ဘဝသို့ရောက်ရှိနေ
ပြီဖြစ်သည် ။ သူမှန်းထားသည့် အခြေအနေနဲ့တခြားစီ
ဖြစ်ကာ သူက ဘေဘီနေရာသို့ရောက်နေရသည် ။"ဟျောင်းန်ပေါက်ကသာ ကျတော့်လက်ကိုကိုင်ထားပါ "
"ကုကီရယ် မရှည်စမ်းပါနဲ့ .. ကိုယ့်လက်ကိုသာကိုင်ထား ဟုတ်
ပြီလား "ဂျောင်ကုလည်း ဘာမှဆက်မပြောနေတော့ဘဲ ..ဟျောင်းပေါက်
သဘော ဟျောင်းန်ပေါက်စိတ်တိုင်းကျသာ လွှတ်ထားလိုက်
တော့သည် ။ ဘာပဲဖြစ်ဖြစ် ဟျောင်းန်ပေါက်လက်ကိုကိုင်ရ
တာပဲလေ... အရှုံးမရှိပါဘူး ။ကားမှတ်တိုင်ရောက်တော့ ကားက မလာသေးသောကြောင့်
ကားမှတ်တိုင်မှာ လက်တွဲထားပြီး ရပ်စောင့်နေလိုက်သည် ။"ဟျောင်းန်ပေါက် ..ဒါဆို ကျတော်တို့ ဒီနေ့ တစ်ရက်ပေါ့နော်"
လက်ကို တို့ပြီး လာပြောသော ကုကီကြောင့် ထယ်ယောင်း
လည်း ကုကီခေါင်းလေးကို ပုတ်လိုက်ရင်း.."ဒါပေါ့ ..ကိုယ်တို့ anni day ကိုမှတ်ထားနော် "
"မှတ်ထားမှာပေါ့ .. ဟျောင်းန်ပေါက်ကလည်း ကျတော့်တို့ရဲ့
အဖိုးတန်နေ့လေးပဲကို ""အင်း.. ချစ်တယ်နော် ကုကီ "
ချစ်တယ်ပြောတာကို နဂိုအသံဩဩလေးကိုမှ ပိုdeepအောင် ပြောလာသော ဟျောင်းန်ပေါက်ကြောင့် ဂျောင်ကုသိလိုက်တာ
ဟျောင်းန်ပေါက်က သူ့ကို နေရာချိန်းချင်နေတာ ။ဟူး... အခန်းပိတ်ပြီးသာ ကြီးကြောင်းဆွေးနွေးချင်တော့တယ်။
"ကျတော်လည်းချစ်တယ် ..ကားလာပြီ ဟျောင်းန်ပေါက်"
ကားလာတာနှင့် ၂ယောက်သားတက်မယ်ဆိုတော့လည်း
ဟျောင်းန်ပေါက်က သူ့ကို အရင်တက်ခိုင်းပြန်သည် ။
ဂါးး ဒါတွေက သူလုပ်ပေးရမယ့်ဟာတွေလေ ..။
သူ ကလေးမဟုတ်ပါဘူးဆို~
YOU ARE READING
I'm Not Baby! √
Fanfictionအသက်လေးပဲငယ်တာပါ ဟျောင်းပေါက်စရယ် ကျန်တာ ဟျောင်းန်ထက်ကြီးတာချည်းပဲ ..! //Completed//