Unicode
ကားထဲ အတင်းထိုးသိပ်ခံလိုက်ရချင်းနဲ့အတူ ချဉ်စုပ်စုပ်အနံ့က နှာခေါင်းထဲ စူးခနဲ ဝင်လာသည်။ ဂျွန်မြောင်မျက်နှာက ချက်ချင်းရှုံ့မဲ့လို့သွားပြီး ရုန်းကန်နေသော ခြေလက်များပင် ရပ်တန့်မိသွား၏။
ကားရှေ့ခန်းထိုင်ခုံမှာ အတင်းဖိချခံရပြီး
ဘေးက ခါးပတ်ကိုပါ ဆွဲယူကာ တပ်ပေးတဲ့လူက ဂျွန်မြောင်ကို ဖမ်းချုပ်သလို ဖမ်းချုပ်ထားတာမို့ ပါးစပ်က အတင်းအော်ကာ ပြန်တွန်းကန်ပစ်လိုက်သည်။ သို့သော်လည်း ရင်ဘတ်တစ်ခုလုံးနဲ့ အတင်းဖိကပ်ခံထားရတာမို့ ရုန်းထွက်လို့မရ။ကျန်းရီရှင်းက ခန္ဓာကိုယ်တစ်ဝက်က ကားအပြင်မှာရပ်နေရင်း အပေါ်ပိုင်းက ဂျွန်မြောင်ရဲ့ တစ်ကိုယ်လုံးကို ဖိချလို့ထား၏။
"ဖယ်ပေးစမ်း နံစော်နေတာပဲ ကားတစ်စီးလုံးလည်း"
"မဖယ်ဘူးကွာ မဖယ်ဘူး"
"ရီရှင်း မဟုတ်ဖူး ငါ မင်းကို မသိဘူး အရူး"
"ငါ့ကို မသိဘူးဆို မင်း ဦးနှောက်ပျက်သွားလို့ပဲ"
နှစ်ယောက်သား တွန်းလိုက်ရုန်းလိုက်နှင့်
ဖြစ်ချင်တိုင်းဖြစ်နေပြီး အတော်ကြာမှ
ချွေးတလုံးလုံးနှင့် အမောပါဆို့နေကြတော့သည်။ ရှုံ့တွနေတဲ့ ဂျွန်မြောင့် ကတော့
ခေါင်းကို မှီချပြီး ငြိမ်သက်သွားကာ မောလွန်းလို့ ပါးစပ်လေးပင် ဟလျက်ရှိသည်။ရီရှင်းကတော့ ဂျွန်မြောင်ရဲ့ရင်ဘတ်ပေါ်ကို တံတောင်တစ်ဖက်နှင့် ဖိထားပြီး မျက်လုံးတို့က တည်ငြိမ်စွာဖြင့် ဂျွန်မြောင်အား ကြည့်နေခဲ့သည်။ သူ့ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပေမဲ့ မောဟန်နည်းနည်းမှမပြ။
အတော်လေးကို ဇွဲကောင်းကောင်းနှင့်
ဂျွန်မြောင်ကို တည်တည်ကြီး ကြည့်နေခဲ့သည်။အကြည့်ချင်း ဆုံတော့ အရင် အကြည့်လွှဲတာက ဂျွန်မြောင်။ အမှတ်မထင်ပဲ မျက်စောင်းထိုးမိသလိုဖြစ်တော့ ပိုစူးရဲလာတဲ့ ကျန်းရီရှင်းမျက်နှာ။ လူက ဘယ်လိုဖြစ်လို့ ညှင်းသိုးသိုးရုပ် ဖြစ်နေသည်လဲမသိ။
အရမ်းသိသာမနေသည့်တိုင်အောင် အနီးကပ်
မြင်လိုက်ရတဲ့ ကျန်းရီရှင်းမျက်နှာက အသားအရည်များ ကြမ်းတမ်းကာ မှုတ်ဆိတ်နှင့် နှုတ်ခမ်းမွေးများပင် ပေါက်လို့နေသည်။
YOU ARE READING
CASE NO 1001 (COMPLETED)
ФанфикCaptain ဒီတစ်ခါ ငါ့ကို မလွတ်စေနဲ့တော့နော် မင်းဆီကနေ တစ်ခုခု ခိုးထားလိုက်ပြီးပြီ