Ep19~I would be lying of I said that I could live without you~

1.5K 83 1
                                    

~You had my heart since long long time ago, you've never left my mind since that day~

'ကိုယ်ဖျားနေတယ်လို့ထင်ပြီး အပြေးလေးအရောက်လာပေးတဲ့မင်းလေးကို ကိုယ်တစ်ကယ်ကျေးဇူးတင်တယ်'

ခွန်းသူ့ကိုဖုန်းဆက်တဲ့အချိန်တုန်းက ခေါင်းနည်းနည်းးမူးနေလို့ နေမကောင်းချင်ဘူးလို့သာ ပြောလိုက်တာကို ခွန်းကတစ်ကယ်နေမကောင်းဘူးထင်ပြီး ရည်မွန်ကိုဆက်လိုက်တာထင်သည်။ အခုသူ့ရှေ့မှာရှိနေတဲ့ရည်မွန်က ဝတ်နေကြအဝတ်အစားနဲ့မဟုတ်တော့ တစ်နေရာရာကနေ ချက်ချင်းလာတယ်ဆိုတာ သိသာသည်။ ရှပ်အကျီအဖြူထည်လေးနဲ့ ပုဆိုးအနက်ကို လိုက်ဖက်စွာပဲ တွဲဝတ်ထားတာ​လေးမြင်လိုက်ရတော့ သူ့မျက်လုံးထဲမှာ ရည်မွန်ကသပ်သပ်ရပ်ရပ်​လေးနဲ့ ပိုပြီးချစ်စရာကောင်းနေတယ်လို့ မြင်မိသည်။

"ဘယ်ကပြန်လာတာလဲ။ ကိုယ်မြင်နေကြမင်းလေးပုံစံနဲ့ မတူလို့"

"ထူးခန့်ရဲ့မွေးနေ့ကို ဘုရားတက်ပြီးပြန်လာရင်း ခွန်းကဖုန်းခေါ်တာနဲ့ တန်းဝင်လာတာ"

"ဪ ကိုယ့်ကြောင့် အနှောင့်အယှက်မဖြစ်လို့ တော်ပါသေးတယ်"

"မင်းခေါင်းမူး​နေတာဆို။ ဆေးရောသောက်ပြီးပြီလား"

"ကိုယ်ဆေးသောက်မလို့ပဲ။ စားစရာဘာမှမရှိသေးတော့ သွားဝယ်မလို့"

"မင်းကခေါင်းမူးနေတာဆိုပြီး ဘယ်လိုလုပ်စားစရာသွားဝယ်မှာလဲ။ လမ်းမှာမူးလဲနေရင် ဘယ်လိုလုပ်မလဲ။ အခုအိမ်မှာဘာရှိလဲ။ ငါတစ်ခုခုလုပ်ပေးမယ်"

ရည်မွန်​ပြာယာခတ်သွားသည်။ ကိုယ့်ကိုကိုယ်ဂရုမစိုက်တဲ့ချေမိုးက သူ့ကိုစိတ်ပူအောင်လုပ်နိုင်ခဲ့သည်။ နေမကောင်းတာကို စားစရာထွက်ဝယ်ဦးမယ်လုပ်နေတဲ့ချေမိုးက သူ့ကိုစိတ်ပူရအောင်တမင်လုပ်နေသလိုပဲ။

"ဘာရှိလဲ"

"ရေခဲသေတ္တာထဲကရှိတာ အကုန်ပဲ"

ရည်မွန်ရေခဲသေတ္တာဖွင့်ကြည့်တော့လည်း ဘီယာဘူး ၊ အရက်ပုလင်းနဲ့ ရေဘူးတွေပဲရှိသည်။ တစ်နေကုန် ဒါတွေပဲထိုင်သောက်နေတာလားလို့တွေးပြီး စိတ်ပူမိပြန်သည်။ အသင့်စားလို့ရတဲ့အစားအသောက် အနည်းငယ်တွေတွေ့တော့ ထမင်းအရင်ချက်လိုက်ပြီး စားလို့အဆင်ပြေလောက်မယ့်ဟာတွေကို ပြင်ပေးလိုက်သည်။ ချေမိုးကတော့ သူ့ကိုဘာတစ်ခွန်းမှမပြောဘဲ တိတ်တိတ်လေးသာ ထိုင်ကြည့်နေခဲ့သည်။

Rain💛Moon (Completed)Место, где живут истории. Откройте их для себя