Chapter (2)
လွန်ခဲ့သော ၂ နှစ်ခန့်၊ လိုဂန်အုပ်စုအာရှရုံးချုပ်အနီး၊ မြို့တော် A ၊ ဧပြီလနှောင်းပိုင်း။
ကျိမောင် ညဉ့်နက်အချိန်တွင် လမ်းဖြတ်ကူးလိုက်ရင်း လမ်းလျှောက်လာခဲ့သည်။ ယခုသူ လွတ်လွတ်လပ်လပ် ဖြစ်နေခဲ့သည်ပင်။
သူ၏ခန္ဓာကိုယ်အား စီလီကွန်နှင့် တိုက်တေနီယမ်သတ္ထုစပ်တို့ဖြင့် ဖွဲ့စည်းပေးထား၏။ ခန္ဓာကိုယ်မျက်နှာပြင်တစ်ခုလုံးတွင် အာရုံခံကိရိယာများ၊ မျက်လုံးလေးများတွင် အလွန်သေးငယ်သော မိုက်ခရိုကင်မရာများနှင့် ရင်ဘတ်အတွင်းပိုင်းတွင် စွမ်းအင်ပတ်လမ်း ပေါင်းစည်းမှုဗဟိုတို့ ပါ၀င်သည်။ ဦး နှောက်ကို စွမ်းအင်စနစ်သိုလှောင်ရန် အသုံးပြုထားသည်။ အလွန်လှပသော ဇီဝအဆင့်မြင့်အရိုးစုက သူ့ခန္ဓာကိုယ်ကို ပျော့ပြောင်းစွာ ပြင်လွယ်ပြောင်းလွယ် ရွေ့လျားစေနိုင်သည်။
ဤကိုယ်ထည်အခွံသည် လိုဂန်အုပ်စု၏လက်အောက်ခံ ချန်းကျန်နည်းပညာကုမ္ပဏီ၏ ဒုတိယဓာတ်ခွဲခန်းမှဖြစ်ပြီး တည်ရှိမှု၏ ရည်ရွယ်ချက်ကိုတော့ မသိရသေးပေ။
ထိုဒုတိယဓာတ်ခွဲခန်းသည် လိုဂန်အုပ်စု၏ ထပ်တိုးနောက်ဆက်တွဲအဆောက်အအုံ တတိယထပ်တွင် တည်ရှိသည်။ ၎င်းတွင် ဇီဝအဆင့်မြင့်စက်ရုပ်များကို အဓိကထားရှိလေသည်။ စမ်းသပ်ဂိုဒေါင်များတွင် အင်ထရာနက်နှင့်ချိတ်ဆက်ထားသော စက်ရုပ်စုစုပေါင်း ၇၆ ခု ရှိနေသည်။ ကျိမောင်သည် အလှဆုံးအရုပ်တစ်ခုကို ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ထိုအရာသည် ဂိမ်းများရှိဇာတ်ကောင်ပုံစံနှင့် အနည်းငယ်ဆင်တူသော ပုံစံရှိ၏။ သို့သော် ဆင်တူခြင်းသာဖြစ်ပြီး လက်တွေ့အတိအကျကြီးလည်း မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ယခုသူသည် နောက်ဆုံးတော့ အလုပ်လုပ်နေခြင်းမဟုတ်ဘဲ တစ်စုံတစ်ယောက်ကို ရှာနေခြင်းသာဖြစ်သည်။
သူ့၌ ပျော့ပျောင်းနူးညံ့ကာ အနက်ရောင်တောက်ပနေသော ဆံပင်၊ ညအမှောင်၌ပင် မြင်နိုင်သော တောက်ပဖြူဖွေးသော အသားအရေ၊ နက်ရှိုင်းသော အသွင်အပြင်များ ၊ ရောထွေးနေသော သွေးများနှင့်အတူ ချွန်မြသော မေးစေ့လေးတစ်ခုနှင့် သူပုံစံသည် အရှေ့တိုင်းသားတစ်ယောက်ပုံစံနှင့် တူနေသည်။ မျက်လုံးသူငယ်အိမ်လေးသည် အညိုရောင်ဖျော့ဖျော့လေးအပြင် နှာခေါင်းလေးက ဖြောင့်စင်းနေကာ နှာတံထိပ်ဖျား၏ ကွေးညွှတ်မှုလေးက နူးညံ့သိမ်မွေ့နေသည်။ အနည်းငယ်ထိတ်လန့်စရာချင်စရာကောင်းသော နူးညံ့သည့် နှုတ်ခမ်းပါးတစ်စုံလည်း ရှိနေ၏။ သူ အလျင်အမြန် လမ်းလျှောက်သွားလိုက်ပြီးနောက် သူ့နှုတ်ခမ်းလေးများကို အနည်းငယ်ပွင့်ဟကြည့်လိုက်သည်။ မနေနိုင်မထိုင်နိုင်ဖြင့် အပေါ်နှုတ်ခမ်းလေးကို လျှာဖြင့်လျက်ကြည့်လိုက်သောအခါ သူ့နှုတ်ခမ်းထက်တွင် ကြည်လင်တောက်ပကာ ဖောက်ထွင်းမြင်နိုင်သော အရည်တစ်ချို့ရှိနေလေသည်။
YOU ARE READING
Lowly Creature ||အညတရ ဖြစ်တည်မှု|| [ မြန်မာဘာသာပြန် ] (Completed)
Science Fiction" Lowly Creature " Author- Not! Pikachu / Ka Bi Qiu 卡比丘 English Translator-Snow Project Translations Burmese Translator-littlewillow01 Start Date-22 August 2021 End Date- 7 September 2021 This is Myanmar Translation of Chinese novel " Lowly Creature...