~First sight falling in love with you was fate, trying to become your friend was choice and being lover with you is your decision~
ချေမိုးကို ဘာကဒီလိုဖြစ်လာအောင်လုပ်လိုက်တာလဲတော့ သူမသိပေမယ့် ကျောင်းမှာတော့ သူမျက်နှာတော်တော်ပူနေရသည်။ ချေမိုးက တစ်နေကုန် သူ့အနားကလည်းမခွာဘဲ သွားတဲ့နေရာတိုင်းကို မသိမသာလေးနဲ့ အမြဲရှိနေတတ်သည်။ ချေမိုးသာ ဒီအတိုင်းဆက်လုပ်နေရင် လူတွေက သူတို့နှစ်ယောက်ကို တွဲနေတယ်ထင်ကြတော့မှာ သေချာသည်။ ချေမိုးဘာတွေစိတ်ကူးပေါက်ပြီး လုပ်နေလည်းမသိပေမယ့် လူတွေကြားမှာ သူနေရခက်လှသည်။
"အစ်ကို"
"အင်း"
"အစ်ကို့ကိုမေးစရာရှိလို့..."
အိမ်ပြန်ဖို့လုပ်နေတဲ့သူ့ကို ထူးခန့်ကိုသိလို့ လာစောင့်နေပုံရသည်။ ချေမိုးကလည်း မပြန်သေးဘဲ သူ့နားမှာရှိနေတော့ ထူးခန့်ကသူပြောချင်တဲ့စကားကိုမပြောဘဲ သူ့ကိုကြည့်နေခဲ့တော့ သူသိလိုက်ပါသည်။
"ကားပါလာလား"
"မပါလာဘူး"
"ငါ့ကားနဲ့လိုက်ခဲ့"
သူ့ကိုဘာမှပြောမလာဘဲ ထူးခန့်ကိုကားပေါ်တင်ခေါ်သွားတဲ့ရည်မွန်ကြောင့် ချေမိုးစိတ်တွေ ဆောက်တည်ရာမရဖြစ်နေသည်။ ရည်မွန်ကိုလည်း စိတ်မဆိုးရက်ဘဲ ထူးခန့်ကိုသာကျိန်ရဲဖို့ သူတတ်နိုင်တော့သည်။ အိမ်ကိုပြန်မောင်းလာခဲ့ပေမယ့် စိတ်ထဲမှာတော့ ရည်မွန်နဲ့ထူးခန့် ဘယ်သွားပြီး ဘာလုပ်နေကြလဲဆိုတာ သူအရမ်းသိချင်နေသည်။ ရည်မွန်က ထူးခန့်ကိုပဲ လက်ခံလိုက်တော့မှာလားဆိုတာကို သူစိတ်အပူဆုံးပဲ။
"ဒီမှာထိုင်လိုက်မယ်"
ကော်ဖီဆိုင်တစ်ဆိုင်မှာ ထူးခန့်နဲ့စကားပြောဖို့လုပ်လိုက်သည်။ ထူးခန့်က သူ့ကိုမေးစရာတွေများနေပုံပဲ။
"မေးစရာရှိတယ်ဆို"
"အစ်ကိုနဲ့ဟိုအစ်ကိုနဲ့က အတွဲတွေလား"
"မဟုတ်ဘူး။ ဒီအတိုင်းသူငယ်ချင်းတွေ"
"ဒါပေမယ့် ဟိုအစ်ကိုက အဲ့လိုဟုတ်ပုံမရဘူး"
"အဲဒါမင်းနဲ့မဆိုင်ဘူးထင်တယ်"
"ကျွန်တော်နဲ့ဆိုင်ချင်တယ်"
ESTÁS LEYENDO
Rain💛Moon (Completed)
Romance"I LOVE YOU" If the eyes do not admire, the heart will not desire~💛 Rose Thornless_အဲ့ဒီပန်းလေးရဲ့အဓိပ္ပါယ်ကမြင်မြင်ချင်းအချစ်တဲ့။ (မင်းလေးရဲ့စာအုပ်ကြားမှာညှပ်ထားတဲ့ပန်းလေးတစ်ပွင့်ရဲ့အဓိပ္ပါယ်ကကိုယ့်ရဲ့အချစ်ကိုကိုယ်စားပြုတာပဲ)။ မြင်မြင်ချင်းအချစ်ကခ...