[Unicode]
မီယယ်ဖုန်းဆက်လာသောကြောင့် စကားပြောမိတော့မှ
သားလေးအကြောင်းကိုသိလာရသည် ။ သူမအနေနဲ့
အလုပ်တစ်ဖက်နှင့် မို့ သားလေးကို သိပ်ဂရုမစိုက်နိုင်
ခဲ့ပေ ။ ဂျောင်ကုလေးအပေါ် ဆိုးနွဲ့နေတာလေးတွေ
ကို သာမန်ညီလေးတစ်ယောက်အပေါ် ဆိုးသည်ဟု
သာ ထင်ခဲ့မိသည် ။ ဂျောင်ကုလေးကလည်း သူမ
သား ဘယ်လောက်ဆိုးဆိုး မျက်နှာ တစ်ချက်မပျက်
ဘဲ အကုန်ဖြည့်ဆည်းပေးသည် ။ သူမလည်း
မီယယ်လိုပါပဲ ၂၁ ရာစုမိခင်ပေမို့ သူမသားလေး
စိတ်တိုင်းကျ ဖြစ်စေရမည် ။ မီယယ်ကတော့
သူတို့ဘက်က ဖွင့်ပြောလာသည်အထိ စောင့်ပါတဲ့ ။"မေမေရေ..သားပြန်လာပြီ "
"အော်..သားလေး ဒီနေ့နောက်ကျတယ်နော် "
သိသိရက်နဲ့မေးရတာ ကင်မ်အိုနာ့အဖို့ မလွယ်ကူပါ..။
"ဟုတ်တယ် မေမေရဲ့
ကုကီအမေက သားကိုတွေ့ချင်တယ်ဆိုလို့
လိုက်သွားတာ ၊ အက်အန်တီကမေမေနဲ့ သူငယ်ချင်း
အရင်းကြီးတဲ့ ၊ မေမေ့ကိုလည်းဖုန်းဆက်မယ်လို့ပြောပေးပါတဲ့ "ကလေးတစ်ယောက်လို တစ်ခုချင်းစီ ပြန်ပြောပြ
ပုံလေးက တကယ်ကို ပိဘိကလေးနှယ် ။ သူမလည်း
သဘောကျကာ သူမ သား ခေါင်းလုံးလုံးလေးကိုပွတ်လိုက်ပြီး.."ဟုတ်ပါပြီရှင် .. ခနနားပြီးရေချိုးတော့
ဒါနဲ့ စာမေးပွဲကနောက်တစ်ပတ်ထဲဆို စာတွေကော
ရနေပြီလား ""ဒါပေါ့ မေမေရဲ့ စာတွေက အေးဆေး
ဒါနဲ့ သားခွင့်တောင်းစရာရှိတယ်
ကုကီက သားနဲ့စာအတူလုပ်ဖို့ အိမ်မှာ အိပ်ချင်
တယ်တဲ့ ၊ သူတစ်ယောက်ထဲတော့မဟုတ်ပါဘူး
သားကျောင်းက သူငယ်ချင်းတွေလည်းပါတယ် ""ဟုတ်ပါပြီ ..လူများတော့ စာလုပ်လို့ပိုကောင်းတာပေါ့
ခွင့်တောင်းစရာမလိုပါဘူး သားသားရယ် ""ဟီး..မေမေအကောင်းဆုံး "
ရင်ခွင်ထဲ ဝင်ချွဲနေသည့် သူမ သားလေး၏ ဆံပင်လေး
ကို နမ်းလိုက်ရင်း တွေးနေမိသည် ။ သူမသားလေး
တောင် အရွယ်ရောက်ပါရောလား ။ သူမ အမျိုးသား
ဖြစ်သူကိုလည်း သတိရမိပါသည် ။ သားလေးအဖေက
သားလေးကို သိပ်ချစ်ရှာတာ ။ မွေးကင်းစအရွယ်
ကတည်းက အသည်းတယားယားနဲ့ တုန်နေအောင်ချစ်ပြီး
မူကြိုစတက်ကတည်းက အမြဲကုန်းပိုးပြီးလိုက်ပို့လေ့ရှိသည့်
ထယ်ယောင်းလေး အဖေ ။ သားလေး ၄တန်းနှစ်မှာ ဆုံး
သွားတော့ သူမကမ္ဘာဟာပြိုလဲခဲ့ရသည် ။သားလေးက
တော့ ငယ်သေးသည်မို့ သိပ်မသိပေမယ့် သူ့အဖေကို
သတိရရင်တော့ အရမ်းငိုသည် ။ကြီးလာတော့ တစ်ခါ
တစ်လေမှသာ ငိုတော့သည် ။
YOU ARE READING
I'm Not Baby! √
Fanfictionအသက်လေးပဲငယ်တာပါ ဟျောင်းပေါက်စရယ် ကျန်တာ ဟျောင်းန်ထက်ကြီးတာချည်းပဲ ..! //Completed//